The Mindat Post
အောက်တိုဘာ ၁၉ ၊ ၂၀၂၄
မြန်မာပြည်ရှိ Facebook လူမှုကွန်ရက် အသုံးပြုသူများကြားတွင် Tesla/Pi စမတ်ဖုန်းကို Elon Musk က ထုတ်လုပ်တော့မည် ဆိုသည့်သတင်းသည် အတည်ပြု၍ မရနိုင်သော ကောလာဟလ သာ ဖြစ်ကြောင်း AFP သတင်းဌာန၏ အချက်အလက် စစ်ဆေးအတည်ပြုမှု (Fact-checking) အရ သိရသည်။ အဆိုပါ ကောလာဟလ သတင်းဖြန့်ဝေ မှုသည် အောက်တိုဘာလဆန်းပိုင်း ၁၇ ၊ ၁၈ ရက်နေ့များတွင် စတင်ပျံ့နှံ့လာခြင်းဖြစ်ပြီး ယခု သတင်းရေးနေသည့် အောက်တိုဘာ ၁၉ ရက်နေ့ ညနေပိုင်း တိုင်အောင် မျှဝေမှု အကြိမ် ရေဆက်လက် တိုးမြင့်လာ ကြောင်းတွေ့ရှိရသည်။
AFP သတင်းဌာန၏ Fack-checking news article link – https://factcheck.afp.com/doc.afp.com.33J768Q
အဆိုပါသတင်းသည် ၂၀၂၀,၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင်လည်း အလားတူ ကောလာဟလ သတင်းများ ပျံ့နှံ့လေ့ ရှိကြောင်း Factly Website ၏ ဖော်ပြချက်အရ သိရသည်။ ၂၀၂၄ ခုနှစ် တွင်မူ Facebook လူမှုကွန်ရက် အသုံးပြုသူ (အိန္ဒိယ နိုင်ငံမှ ဟု ယူဆရ) ၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြမှု မှ တစ်ဆင့် မြန်မာ့ လူမှုကွန်ရက် လောကတွင် တစ်ဆင့် ပြန်လည် ပျံ့နှံ့လာသည်ဟု သုံးသပ်ရသည်။
အဆိုပါ ကောလာဟလကို မြန်မာပြည်ရှိ နာမည်ကြီး ပုဂ္ဂိုလ်များကပင် ၎င်းတို့၏လူမှုကွန်ရက်တွင် ထပ်ဆင့်ပြန်လည်မျှ ဝေမှုများပြုလုပ် နေကြသည်ကိုတွေ့ရသည်။
ကောလာဟာလ သတင်း – စာသားဖော်ပြမှု – (၁) “Tesla Pi phone will be launched on the market at the end of 2024. Pi phone has 3 outstanding features that other smartphones do not have:
1. No need to charge the battery, because it uses solar energy, only needs light to automatically charge (no need to expose to sunlight).
2. No need for internet capacity, because Pi connects directly to Elon Musk’s Starlink, which has a global coverage network.
3. Has Earth – Moon – Mars connection.”

ထိုသတင်းသည် Facebook တွင် Reaction – 107 K ( တစ်သိန်း ခုနစ်ထောင်) ဝန်းကျင် နှင့် ပြန်လည် မျှဝေသူ 70K (ခုနစ်သောင်း) ကျော်ရှိပြီး မြန်မာပြည်သား Facebook အသုံးပြုသူ အများအပြား မြင်တွေ့ရသည်။
ကောလာဟာလ သတင်း – စာသားဖော်ပြမှု – (၂) – “ကဲ… အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုံး မသုံးနိုင်လို့ စိတ်ပျက်နေသူများအတွက် သတင်းကောင်းပါ။
တယ်စလာ ကားတီထွင်ဖန်တီးသူ၊ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး စာရင်းဝင် အီလွန်မက်စ် က ၂၀၂၄ မကုန်ခင်မှာ Tesla Pi အမည်ရှိ ဖုန်းကို စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းက..
၁။ ဘက်တရီ အားသွင်းဖို့မလို။ ဆိုလာ စံနစ်နဲ့ သူ့ဟာသူ အားသွင်းမှာဖြစ်ပီး နေပူအောက်မှာ သွားထားစရာလည်းမလိုပါ။ (နေရောင်ရနေတဲ့နေရာဆို ရပီဆိုတဲ့သဘောပေါ့။)
၂။ ဖုန်းသုံးဖို့ အင်တာနက်မလို။ ဒီဖုံးက တကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ အီလွန်မက်စ် စတားလင့်ခ် နဲ့ ဆက်သွယ်ထားတာမို့ ဘယ်နေရာသွားသွား အင်တာနက်မလို၊ ဝိုင်ဖိုင်မလိုပါ။ (တောကြီးမျက်မဲထဲလည်း သုံးလို့ရတဲ့သဘောပေါ့။)
၃။ ကမ္ဘာ၊ လ နဲ့ Mars ဂြိုလ် ကို လည်း ဆက်
သွယ်လို့ရပါတယ်တဲ့။
ဒီ ပိုင် ဖုံးရဲ့စျေးကတော့ $၂၅၀ လို့ ခန့်မှန်းရေးထားတာတွေ့တယ်။ Apple ဖုန်း IPhone 16 pro max နဲ့စာရင် စျေးက အတော်ချိုပါတယ်။ ဒီဖုန်းထွက်လာရင်ရော ဘယ်သူတွေ အလုအယက်ဝယ်ကြအုန်းမှာလဲ?? စောင့်ကြည့်ရအုန်းမှာပေါ့လေ..။
( ပြင်ဆင်ချက်။ တယ်စလာ ပိုင်ဖုန်း ထွက်ဖို့ ရက်က အတည်မပြုနိုင်သေးကြောင်း ဂူဂဲ မှာ ဖတ်ရပါတယ်ရှင်။ )”
အဆိုပါ post တွင် Reaction ဖော်ပြမှု ပိတ်ထားသောကြောင့် အတိအကျမသိရသော်လည်း ပြန်လည်မျှဝေသူ (845) ဦးရှိသည်ကိုတွေ့ရသည်။
Fact-checking (သတင်းအချက်အလက် စိစစ်အတည်ပြုချက်) – (၁) “Definitely not. Smartwatches and phones are yesterday’s technology, Neuralinks are the future.” (September 14, 2020)
ဘာသာပြန်ချက် – လုံးဝမဟုတ်ပါဘူး။ စမတ်နာရီများနှင့် ဖုန်းများသည် အတိတ်က နည်းပညာသာဖြစ်ပြီး Neuralinks သည် အနာဂတ်ရဲ့ နည်းပညာဖြစ်တယ် ။”
ထိုစကားသည် Tesla ကုမ္ပဏီ တည်ထောင်သူ သိပ္ပံပညာရှင် ဘီလီယံနာ သူဌေးကြီး Elon Musk က အထက်ပါ ကောလဟာလ များနှင့် ပတ်သက်၍ လူမှုကွန်ရက် “X/Twitter” တွင် ၂၀၂၀ ခုနှစ်က တုံ့ပြန်ရေးသားထားခြင်းဖြစ်သည်။
Fact-checking (သတင်းအချက်အလက် စိစစ်အတည်ပြုချက်) – (၂)
Apple နှင့် Google ကုမ္ပဏီ တို့က Twitter/X ကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါက မည်ကဲ့သို့ ဆောင်ရွက်ရန် ရှိသနည်းဟူသည့် မေးခွန်းကို Elon Musk က အောက်ပါအတိုင်း တုံ့ပြန်ခဲ့ပါသည်။
– “I certainly hope it does not come to that, but, yes, if there is no other choice, I will make an alternative phone.” (Nov 26, 2022)
ဘာသာပြန်ချက် – “အဲဒီအခြေအနေအထိ မရောက်လာဖို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့်၊ တခြားရွေးချယ်စရာမရှိတော့ရင်၊ (iPhone နဲ့ Android နဲ့ မတူတဲ့) တခြားဖုန်းတစ်လုံး ထုတ်လုပ်ရမယ်။”
ထို့အပြင် Tesla/Pi စမတ်ဖုန်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၏ တရားဝင် ကြေညာချက် / ထုတ်ပြန်ချက် တစ်စုံတရာ မရှိကြောင်း သတင်းအချက်အလက်များ စစ်ဆေးအတည်ပြုသည့် Factly Website တွင်ဖော်ပြထားသည်။
သတင်းသုံးသပ်ချက် –
(၁) အဆိုပါသတင်း ကဲ့သို့သော အတည်ပြု၍ မရနိုင်သည့် အချက်အလက် များသည် လူမှုကွန်ရက် အသုံးပြု၍ ဝင်ငွေရှာဖွေနေသူများ က Followers/Engagement တိုးလာရေးအတွက် အသုံးချနေကြသည်ဟု ယူဆရသည်။
(၂) မြန်မာပြည်သူ့ လူထု အနေဖြင့်လည်း လက်ရှိကာလတွင် စစ်ကောင်စီ၏ ဖုန်းလိုင်း/ အင်တာနက် ပိတ်ဆို့ မှုများ ကြောင့် ရင်ဆိုင်နေရသည့် ဆက်သွယ်ရေး အခက်အခဲများကို ကျော်လွှားရန် အဆိုပါ ဖုန်းများကို အမှန်တကယ် လိုအပ်သည်ဟု ယူဆ၍ ပိုင်ဆိုင်လိုသည့် ဆန္ဒရှိမှု များကြောင့် မျှဝေနေကြခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ရသည်။
(၃) အဆိုပါ ကောလာဟာလ သည် အမှန်တကယ် ဖြစ်နိုင်သည်ဟု ယူဆသောကြောင့် သတင်းထူးအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ရသည်။
(၄) အပျော်သဘော/ မိတ်ဆွေများ ပျော်ရွှင်စေရန် ရည်ရွယ်၍ မျှဝေ သူများလည်း ရှိကြောင်း တွေ့ရသည်။
(၅) အစက သံသယ ရှိသော်လည်း လူအများက အကြိမ်ရေများစွာ မျှဝေလာကြသဖြင့် အမှန်တကယ် ဖြစ်နိုင်သည်ဟု ယူက ပြန်လည် မျှဝေသူများလည်း ဖြစ်နိုင်ကြောင်းသုံးသပ်ရပါသည်။
——
■ The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း တစုတစည်းတည်း ဝင်ရောက် ဖတ်ရှုနိုင်ပါပြီ။
——–
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
Website – www.mindatpost.com







Leave a Reply