——
The Mindat Post
၃၁ ဩဂုတ်၊ ၂၀၂၄
၂၀၂၀ ပြည့်နှစ် မဲမသမာမှုဖြစ်စဉ်ကို သင်ခန်းစာယူပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ ပဲခူးတိုင်းဒေသကြီးမှာ စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောတာပါ။
မဲစာရင်း မှန်ကန်မှုရှိစေဖို့အတွက် မြေပြင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို အခုလာမယ့် အောက်တိုဘာလ ၁ ရက်နေ့ စတင်အကောင်အထည်ဖော်ဖို့ ပြောထားသလို ရွေးကောက်ပွဲကို ၂၀၂၅ နိုဝင်ဘာလမှာ ပြုလုပ်ဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတဝန်းမှာ စ၊စ်ရှိန်မြင့်ဖို့နဲ့ နိုင်ငံရေးအရ ပြင်ဆင်မှုတွေလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၂၇ ရက်နေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

#TheMindatPost#ရွေးကောက်ပွဲ#စစ်ကောင်စီ
■ The Mindat Post ၏ သတင်းကို ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဖတ်ရှုနိုင်ပါပြီ။
——–
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – www.mindatpost.com




Leave a Reply