The Mindat Post

Democracy and Justice Must Prevail!

■ BREAKING | မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီ မီးရှို့နေ၊ မီးငြိမ်းသ၊တ်မယ့်သူ မရှိ

—–

The Mindat Post

၁ အောက်တိုဘာ၊ ၂၀၂၄

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက စက်တင်ဘာအစောပိုင်းကစလို့ နေအိမ်တွေ မီးရှို့ဖျက်နေပါတယ်။

ဒီနေ့ (အောက်တိုဘာ ၁) မှာ အနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းခွဲရှိ နေအိမ်တွေ မီးရှို့ခံနေရပြီး လက်ရှိ မြန်မာစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်အထိ မီးလောင်နေတယ်လို့ HKL – Mindat က ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

မီးငြိမ်းသတ်ဖို့ သွားသူတွေကိုလည်း စစ်ကောင်စီက ပစ်မှတ်ထား ပ၊စ်ခတ်နေတယ်လို့ ဆိုပါတယ်။

The Mindat Post က ရရှိတဲ့ အချက်အလက်တွေအရ ၂၀၂၄ စက်တင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်အတွင်း အနောက်ရပ်ကွက်၊ စက်တင်ဘာ ၂၁, ၂၂ ရက်နေ့တွေမှာ စံပြရပ်ကွက်၊ ၂၆ ရက်နေ့မှာ အရှေ့ပြင် နမ့်ထားရပ်ကွက်၊ ၂၇၊ ၂၉ ရက်နေ့မှာ အရှေ့ပြင်ရပ်ကွက်နဲ့ ဒီနေ့ (အောက်တိုဘာ ၁) မှာ အနောက်ရပ်ကွက်ရှိ နေအိမ်တချို့ မီးရှို့ခံနေရတာဖြစ်ပါတယ်။


[ဓာတ်ပုံများ – HKL – Mindat]

■ The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း တစုတစည်းတည်း ဝင်ရောက် ဖတ်ရှုနိုင်ပါပြီ။

——

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – www.mindatpost.com

Website – www.mindatpost.com

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading