[English Below]
The Mindat Post
၁၇ ၊ မတ်လ ၊ ၂၀၂၂
ကန်ပက်လက် မြိုနယ် ၊တိုက်နယ်အမှတ်(၅)ဘက် စမ္မသား၊စံအိမ်နူးနှင့် ကျေးရွာအနီးတဝိုက် ကျေးရွာများတွင် စစ်ကောင်စီနှင့် CDFတို ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး သက်ကြီးရွယ်အိုများ ကလေးငယ်များနာမကျန်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါဝင် လူဦးရေ (၉၀၀) ခန့်တောထဲ တောင်ထဲသို ထွက် ပြေး ပုန်းရှောင်နေရသည်မှာ ရက်အနည်းငယ်ကြာမြင့် နေပြီ ဖြစ် ကြောင်းသိရသည်။
တော တောင်ထဲတွင် အစာ ရေစာ ပြတ်လပ်မှုများနှင့် ရင်ဆိုင် နေရပြီး တိုက်ပွဲမည်မျှကြာမည်ကို ခန့်မှန်းမရနိုင် သော ကြောင့်နေရေးထိုင်ရေး စားရေးသောက်ရေးနှင့်ဆေးဝါးများ လိုအပ်လျက်ရှိ ကြောင်း ကန်ပက်လက်မြိုနယ် ကြက် ခြေနီ အသင်းက ထုတ်ပြန်ထားသည်။
စေတနာရှင် ပြည်သူများ အ နေဖြင့် အကူညီများပေးနိုင်ပါရန် ကန်ပက်လက်မြိုနယ် ကြက် ခြေနီ အသင်းက ၎င်းတို၏ လူမှုကွန်ရက် စာမျက်နှာတွင် မတ်လ ၁၆ ရက် ၊ ယမန် နေ့က ဖော်ပြထားသည်။
ကန်ပက်လက်မြိုနယ်တွင် စစ် ကောင်စီ၏ သာလွန်အင်အား အသုံးပြုကာ ပိတ်ဆိုတိုက်ခိုက် နေခြင်းကြောင့် CDF ကန်ပက်လက် အ နေဖြင့် ၎င်းတို၏တပ်မဟာဌာနချုပ်ကို ယာယီ စွန့်ခွာခဲ့ရ ကြောင်း ယမန် နေ့က ထုတ်ပြန်ခဲ့သည်။
ကန်ပက်လက် စစ် ဘေး ရှောင်ပြည်သူများကို ကူညီရန်အတွက် အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ် ကူညီနိုင် ကြောင်း ကန်ပက်လက်မြိုနယ် ကြက် ခြေနီအဖွဲက ဖော်ပြထားသည်။
ဆက်သွယ်ရန်
09756330078
ဓါတ်ပုံ – ကန်ပက်လက်မြိုနယ် ကြက် ခြေနီအဖွဲ
whahtishappeninginkanpetlet #whatshappeiningchinstate #WhatsHappeningInMyanma
cdfkanpetlet #themindatpost
English Version
FIGHTINGS ARE INTENSIFIED IN KANPETLET TOWNSHIP; NEARLY 1,000 PEOPLE HAVE BEEN HIDING IN THE NEAR FORESTS
~~
The Mindat Post
March 17, 2022
Clashes between the Military Council and the CDF still continue near the surrounding villages of Sam Thar and San Eain Nu, which are in the Ward No. (5) of Kanpetlet Township. About 900 people, including the elderly, the children, the sick and the pregnant women, have been reportedly fleeing into the jungle for several days.
The Kanpetlet Township Red Cross Society had issued a statement that food and medication hep are needed since IDPs are facing food and water shortages in the jungle and as they cannot predict how long it would take,
The Red Cross Society of Kanpetlet Township posted an update on 16thy March on its social media that volunteers are needed and welcome.
The CDF Kanpetlet announced yesterday that they had to temporarily leave its brigade headquarters due to the use of superior force by the military council in Kanpetlet.
The Kanpetlet Township Red Cross also stated that anyone can reach the provided telephone number to help IDPs in Kanpetlet.
Contact:
09756330078
Photo: Kanpetlet Township Red Cross







Leave a Reply