The Mindat Post

Democracy and Justice Must Prevail!

မင်းတပ်မြို့နယ် – Dai/Daai ဒေသတွင် တောင်ယာစပါးများ ပျက်စီး ၊ တောင်သူများ အကူအညီ လိုအပ်နေ

~~~~
The Mindat Post
အောက်တိုဘာ ၂၂ ၊ ၂၀၂၄
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁၀/၁၃ (Dai/Daai ဒေသ) မှာ တောင်ယာစပါး ပျက်စီးမှု ကြောင့် တောင်သူတွေ စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ တောင်ယာစပါးတွေ အခုလို ပျက်စီးတာဟာ တိုင်ဖွန်း မုန်တိုင်း ရာဂီ (Yagi) ရဲ့ သက်ရောက်မှု ကြောင့် တောင်ယာ ကမ်းပါးတွေ ပြိုကျတာ ၊ မုန်တိုင်းနောက်ဆက်တွဲ လေပြင်းတိုက်ခတ်မှုတွေ ကြောင့် တောင်ယာစပါးတွေ ပျက်စီးတာ ၊ စပါးပိုးတွေ ဖျက်ဆီးတာ စသည်တဲ့ အခြေအနေ တွေရှိနေတယ် လို့ ဒေသခံတွေက The Mindat Post ကိုပြောပါတယ် ။
“ဒီဟာက မုန်တိုင်း နောက်ဆက်တွဲ မိုးကြီးရေလျှံမှုတွေ ကြောင့် တောင်ယာ ကမ်းပါးတွေ ပြိုတယ် ၊ လေပြင်းတိုက်ခတ်မှုတွေ ကြောင့် စပါးနှံတွေ ပျက်စီးကုန်တယ် ၊ နောက်ပြီး စပါးပိုးတွေ ဖျက်ဆီးလို့ လည်း ပါမယ်ပေါ့။ တောင်ယာခင်း တွေ မြေပြိုပြီး စပါးခင်း မရှိတော့တဲ့ တောင်သူတွေလည်းရှိတယ်။” လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ဆလိုင်းယိမ်းပီးဟုန်း က The Mindat Post ကိုပြောပြပါတယ် ။
အခုလို တောင်ယာ စပါးခင်းတွေပျက်စီးမှုကြောင့် တစ်နှစ်ပတ်လုံး လုပ်အားစိုက်ထုတ်ပြီး အချိန်ပေး ကြိုးစားလုပ်ဆောင်ခဲ့သမျှ အလုံးစုံ ဆုံးရှုံးသွားသူတွေ လည်း ရှိနေတယ်လို့ သိရပါတယ် ။ “တစ်နှစ်လုံးလုံး ကြိုးစားပြီးလုပ်အားနဲ့ အချိန်ပေးပြီး တောင်ယာ လုပ်လာကြတာ အခုလိုပျက်စီးသွားတော့ စားနပ်ရိက္ခာအတွက် တောင်သူတွေ တော်တော်ကို အခက်အခဲကြုံရပါတယ် ၊ အဲဒါနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေလည်း တော်တော်ကို လိုအပ်တယ်လို့ ပြောလို့ ရပါတယ်။” လို့ ဆလိုင်းယိမ်းပီးဟုန်း က ဆက်ပြီးပြောပြပါတယ်။
ရပ်ဝေး/နိုင်ငံခြား ရောက်ဒေသခံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းက လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်း NGO/INGO တွေ အနေနဲ့ တောင်သူတွေကို အကူအညီ ပေးစေချင်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ် ။ အကယ်၍ အကူအညီ ပေးမယ်ဆိုရင်လည်း သတင်းအချက်အလက်အတိကျ ကောက်ယူပြီး မြေပြင်မှာရှိနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ချိတ်ဆက်ပြီးပံ့ပိုးပေးဖို့လည်း ဒေသခံတွေက ပြောပါတယ် ။
ဓါတ်ပုံ – Mar Hung (Facebook)
ဓါတ်ပုံအညွှန်း – ပျက်စီးနေသော ‌တောင်ယာစပါးများကို အောက်တိုဘာလ ၁၁ ရက်နေ့က မြင်တွေ့ရစဉ်
#TheMindatPost # Dai_Daai_ဒေသတွင်တောင်ယာစပါးများပျက်စီး #တိုက်နယ်အမှတ်၁၀_၁၃_မင်းတပ်
——–
■ The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း တစုတစည်းတည်း ဝင်ရောက် ဖတ်ရှုနိုင်ပါပြီ။
——–
X (Twitter) – https://x.com/MindatPost
Website – www.mindatpost.com

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading