The Mindat Post
မင်းတပ်၊ မတ်လ ၁၆၊ ၂၀၂၂။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) မှ မင်းတပ်မြိုပေါ် (၄) ရပ်ကွက်တွင် ဆေးကုသမှုများလိုက်လံဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် မင်းတပ်မြိုပေါ် စစ်ရှောင်များနေထိုင်သော ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများရှိ ပြည်သူများအတွက် ဆေးကုသမှုဆောင်ရွက်ပေး နေတာဖြစ်သည်။
မင်းတပ်မြိုပေါ်တွင် စစ်ရှောင်နေရာမှ နေရပ်သိုပြန်လည်ရောက်ရှိလာသူ ယခင်ထက်များနေပြီး စစ်ကောင်စီဖက်မှ ပိုင်ရှင်မနေသည့် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟုလည်း ပြောဆိုထားကြောင်း ဒေသခံတချိုကဆိုထားသည်။
ယခုလက်ရှိတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ မင်းတပ်မြိုပေါ်တွင် ဆေးဝါးကုသမှုပေးနေခြင်း ဖြစ်ပြီး စစ်ကောင်စီ၏လမ်းကြောင်း ပိတ်ဆိုမှုခံနေရသော ဝေးလံခေါင်သီကျေးရွာ များတွင် ဆေးဝါး နှင့် စားနပ် ရိက္ခာများ ပိုမိုလိုအပ်လျက်ရှိသည်ဟု မင်းတပ်မြိုနယ်စစ်ဘေးရှောင်စခန်းကူညီရေးအဖွဲ တာဝန်ရှိသူ တစ်ဦး
က ဆိုသည်။
themindatpost #mrcs #mindatchinstate










Leave a Reply