The Mindat Post
မေ ၁၃ ၊ ၂၀၂၂ ၊ ကန်ပက်လက်
CDF ကန်ပက်လက်၊ Victoria တပ်ရင်းတစ်နေရာတွင် တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့သည်။
တော်လှန်ရေးခရီး တစ်နှစ်ပြည့် အခမ်းအနားနှင့် ပတ်သက်၍ CDF ကန်ပက်လက်၏ တပ်မဟာမှူး (၂) ဆလိုင်း အောင်လိန်းက ” အဓိက ကတော့မိမိတိုသစ္စာအသိဌာန်ပြုထားတဲ့အတိုင်း ဘုံပန်းတိုင် ကိုမမေ့ကြဖို့နဲ့ ဘုံရန်သူကိုခြေမှုန်းနိုင်ရေးအတွက်တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်းနားလည်မှု ရယူပြီး အတူတကွပူးပေါင်းတိုက်ပွဲဝင်ကြဖို့တိုက်တွန်းချင်ပါတယ် ဒါမှတော်လှန်ရေးကိုအမြန်ဆုံးအောင်မှာဖြစ်တယ် နွားကွဲရင်ကျားဆွဲမှာကိုသတိပြုကြဖို့အရမ်းပဲလိုအပ်ပါတယ်” ဟူ၍ The Mindat Post သို့ပြောသည်။
ဆက်လက်၍ တော်လှန်ရေးခရီး တစ်နှစ်ပြည့် အခမ်းအနားနှင့် ပတ်သက်၍ CDF ကန်ပက်လက်၏ တပ်မဟာမှူး (၃) ဆလိုင်းထွန်းလိန်းထန်းက “ဦးစွာတော်လှန်ရေး ခရီးတလျှောက် သစ္စာပြုထားတဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရရှိရေး ချင်းပြည်ထောင်တည်ဆောက်ရေး စသည်တို့အတွက်ရှေ့တန်းမှာ အသက်ပေးသွားခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်အားလုံးကို အနက်ရှိုင်းဆုံး စိတ်ဝိညာဉ်ထဲမှ အောက်မေ့သတိရလျှက် အလေးနီပြုပါတယ်။ သတ္တိ ပျတ္တိအပြည့် လက်ရုံးရည် နှလုံး ရည်ပြည့်လျှက် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက် အားလုံးကိုလည်း အထူးလေးစားဂုဏ်ယူပါကြောင်း ဖော်ပြလိုပါတယ်” ဟု ဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့ခြင်းနှင့် ပတ်သက်၍ ” CDF ကန်ပက်လက် ရေရှည်ရပ်တည်နိုင်ရေးအတွက် အဘက်ဘက်မှ ကူကြလှူကြတဲ့ တော်လှန်ရေးထောက်ပို့ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များကိုလည်းအထူးကျေးဇူးတင်ပါတယ်။ Chin Defense Force-Kanpetlet ဟာ စစ်တပ်ကပြည်သူ့အာဏာသိမ်းခဲ့ပြီးနောက် မနှစ်က ယနေ့လိုအချိန်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမတိုင်ခင် ဝန်ထမ်း CDM လှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေ လှုပ်ရှားမှုအမျိုးမျိုးနဲ့စတင်တော်လှန်ကြတာ လူထုတစ်ရပ်လုံး တက်ကြွစွာပါဝင်လာမှုကြီးက အားရစရာအလွန်ကောင်းခဲ့ပါတယ်” ဟူ၍ ဆလိုင်းထွန်းလိန်းထန်းက ဆိုသည်။
တော်လှန်ရေးအစဉ်အလာ ကြီးမားခဲ့သည့် ကန်ပက်လက်မြို့၏ နွေဦးတော်လှန်ရေး/ စစ်အာဏာရှင်တော်လှန်ရေးနှင့် ပတ်သက်၍ “ဒီလူထုကြီးရဲ့တွန်းအားဟာ အင်မတန်အားကောင်းခဲ့ပေမယ့် လူမဆန်တဲ့ လူတစ်စုက ဒါကို ဂရုမစိုက်ခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကိုရွေးချယ်ခဲ့ကြတာဖြစ်တယ်။ ကျနော်တို့ကန်ပက်လက်မြို့လေးက လူငယ်တွေဟာ လမ်းပေါ်ထွက်ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့ရုံမက လက်နက်ကိုင်တော်လှန်ရေးမှာပါ တွန့်ဆုတ်ခြင်းမရှိခဲ့ပါဘူး” ဟူ၍ ဆလိုင်းထွန်းလိန်းထန်းက ဆက်ပြောသည်။
တော်လှန်ရေးကာလ အခက်အခဲများနှင့် ပတ်သက်၍ “ခေါင်းမော့ရင်ကော့ပြီး မနက်တိုင်းလက်ဖက်ရည်ဆိုင်တွေမှာ နိုင်ငံရေးအသိဆုံးပုဂ္ဂိုလ်တွေ ဖယ်ဒရယ်အလိုလားဆုံး ပုဂ္ဂိုလ်တွေ ခေါင်ရည်တစ်ခွက်သောက်ရင် ငါဟဲ့ အချမ်းသာဆုံးဆိုတဲ့ သူဌေးတွေဟာ ကြက်ပျောက် ငှက်ပျောက်နဲ့ ပျောက်ခြင်းမလှပျောက်နေခဲ့ကြတာ ယနေ့အထိပါပဲ။ ဒီလိုနဲ့ မြို့ငယ်လေးက ခံယူချက်ပြင်းပြတဲ့ လူငယ်တွေဟာ တိတ်တဆိတ်ကြိုးစားခဲ့ကြပြီး CDF ကန်ပက်လက်ဆိုတာကို အမြစ်ခိုင် အခြေခိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်” ဟူ၍ ဆလိုင်းထွန်းလိန်းထန်းက ဆိုသည်။
“ကျနော်တို့ CDF ကန်ပက်လက်ဟာ တိုက်ပွဲတွေမှာ အကျအဆုံးအနည်းဆုံးနဲ့စစ်ကောင်စီ စစ်ခွေး ၂၃၈ကောင် (ခန့်မှန်း)သုတ်သင်နိုင်ခဲ့ပြီးပါပြီ။ နိုင်ငံရေးအသိ ရှိချင်မှရှိမယ် ခေါင်းဆောင်မှုပညာရှိချင်မှရှိမယ် တော်လှန်နိုင်ငံရေးမှာ ငါတို့မညံ့ခဲ့ကြဘူး။ လူသက် တမ်းရဲ့ အလယ်အလတ်မှာ ကိုယ့်ဘဝရပ်တည်နိုင်ရေး ကြိုးစားရမယ့်အချိန်မှာ မိသားစုအရေး/ ဘာရေးညာရေး ဘာမှထည့်တွက်မစဥ်းစားဘဲ ကျနော်တို့ကြိုးစားနေကြတယ်။ အိမ်ပြန်ချိန်မရှိဘူး နားချိန်မည်မည်ရရမရှိဘူး” ဟူ၍ တစ်နှစ်တာ တော်လှန်ရေးခရီးအတွင်း CDF ကန်ပက်လက်၏ စစ်ရေး စွမ်းဆောင်ရည်အကြောင်းကို ဆလိုင်းထွန်းလိန်းထန်းက ဆိုထားသည်။
ယခု တော်လှန်ရေး တစ်နှစ်ပြည့် နှစ်ပတ် သက်၍ ကန်ပက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ဆလိုင်းနိုင်းချွဲက ” အဓိက ကတော့ ပြည်သူ့တော်လှန်ရေးမှာ ပြည်သူတွေရဲ့ပါဝင်မှုကအဓိက ကျပါတယ် CDF Kanpetlet အနေနှင့် ပြည်သူ့ဆက်ဆက်ဆံရေး ကိုအဓိက တည်ဆောက်သွားရမှာဖြစ်ပြီး ပြည်သူအားလုံးတော်လှန်ရေးမှာပါဝင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ အတူတကွ ကြိူးပမ်းသွားကြရင်
စစ်အာရှင်ဟာ ကျဆုံးသွားမှာပါ ။ “ဟူ၍ The Mindat Post သို့ ပြောသည်။
-Victoria Battlion က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော မှတ်တမ်း ဓါတ်ပုံများကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
#cdfkanpetlet#themindatpost#oneyearanniversary








Leave a Reply