The Mindat Post

Democracy and Justice Must Prevail!

“မင်းတပ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဟုဆို”

The Mindat Post

မင်းတပ်၊ မေ ၁၄၊ ၂၀၂၂

အ‌‌‌‌ခြေခံပညာ ကျောင်းသူ ကျောင်းသားများ မေ ၂၆ မှ စတင်၍ ကျောင်းအပ်နှံရမည်ဟု စစ်ကောင်စီ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ချင်းပြည်နယ် မင်းတပ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း ကိုလည်း လာမည့်ရက်သတ္တပတ်အတွင်း ပြန်လည်ဖွင့်လှစ်သွားဖွယ်ရှိသည်ဟု ဒေသခံပြည်သူ တစ်ဦးထံမှ သိရသည်။

“အထက ၁၊ ထ ၃ ရယ် တပ်ကျောင်းရယ်ကို ပြန်ဖွင့်ဖို့ လုပ်နေတယ်လို့ ကြားပါတယ်။ မနေ့ကတော့ ကျောင်းပတ်ဝန်းကျင်တွေ စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့က သန့်ရှင်းရေးလုပ်တယ်။ မြို့ပေါ်မှာ တော့ တရားဝင်မကြေညာသေးဘူး” ဟု CDM ကျောင်းဆရာမ တစ်ဦးက The Mindat Post သို့ ပြော သည်။

မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ပြီး CDM ပြုလုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းအများစုသည် ပညာရေးဝန်ထမ်းများဖြစ်ပြီး စုစုပေါင်း ၁၁၇၉ ဦး အထိရှိနေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းပြန်ကြားရေးနှင့် မှတ်တမ်းအဖွဲ့က ယခုနှစ် ဧပြီ ၅ တွင် ထုတ်ပြန်ထားသည်။

မင်းတပ်မြို့ပေါ် အခြေခံ ပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရင် ကျောင်းဆရာ၊ ဆရာမ လုံလောက်မှု ရှိ၊ မရှိကိုတော့ “လစာထုတ်တဲ့ ဆရာ၊ ဆရာမက ဘယ်လောက် ရှိလဲမသိဘူး၊ လက်ရှိမှာတော့ ကျောင်းပြန်ဖွင့်ဖို့ ပြင်နေကြတယ်၊ ကျောင်းပြန်တက်တဲ့ ဆရာ၊ ဆရာမတွေ နည်းတာကတော့ ပိုနည်းပါမယ် ကိုယ်လည်း ရုံးနဲ့ အဆက်သွယ်မရှိတာဆိုတော့ ဘယ်လောက်က စာပြန် သင်ပြီး ကျောင်းဖွင့်မယ်ဆိုတာတော့ မသိဘူး” ဟူ၍ ဆက်လက်ပြောသည်။

ကိုဗစ်ကြောင့် ရပ်နားထားရသည့် အခြေခံပညာ စာသင်ကျောင်းများကို အာဏာသိမ်းပြီးနောက် ယခုနှစ် အတွင်း ပြန်လည် ဖွင့်လှစ်မည်ဟူသော စစ်ကောင်စီ၏ ကြိုးပမ်းမှုများသည် ပြည်သူများအပေါ် အထင်မြင် ကွဲလွဲစေသည့် အကြောင်းအရာများဖြစ်သည်ဟု ဒေသခံ ကျောင်းသားဖခင်တစ်ဦးက ဆိုသည်။

“စစ်တပ်က အိမ်တွေမီးရှို့ ဖျက်ဆီး၊ အိမ်ဖောက် ခိုးကြတယ်၊ ဒါကြောင့် ကိုယ့်မြို့စွန့်ပြီး ပြေးရတဲ့ ပြည်သူ တွေ၊ တောထဲတောင်ထဲ ဒုက္ခရောက်နေတဲ့ကလေးတွေများတဲ့ မင်းတပ်မြို့မှာ ဒီလိုကျောင်း ပြန်ဖွင့်တော့ ဘယ်သူတက်မှာလဲ၊ ကျောင်းစာတွေကရော ဘယ်သူကသွားသင်မလဲ ကျောင်းသား မရှိဘဲ စာသင်ခန်းထဲ ဆရာလုပ်တဲ့လူရှိတယ်ဆိုရင်တော့ ရူးနေလို့ဘဲဖြစ်ပါမယ် (ရယ်လျက်) ဒါကြောင့် ကျွန်တော့အမြင်ကတော့ ပြည်သူလူထုကို ပြန်ခေါ်စည်းရုံးနေတဲ့ သူတို့ (စစ်ကောင်စီ) လုပ်ရပ်တွေကို ပြည်သူတွေ အနေနဲ့ စည်းစည်း လုံးလုံး ပြန်တော်လှန်စေချင်ပါတယ်” ဟု ဆိုသည်။

“စစ်တပ်က အိမ်တွေမီးရှို့ ဖျက်ဆီး၊ အိမ်ဖောက် ခိုးကြတယ်၊ ဒါကြောင့် ကိုယ့်မြို့စွန့်ပြီး ပြေးရတဲ့ ပြည်သူ တွေ၊ တောထဲတောင်ထဲ ဒုက္ခရောက်နေတဲ့ကလေးတွေများတဲ့ မင်းတပ်မြို့မှာ ဒီလိုကျောင်း ပြန်ဖွင့်တော့ ဘယ်သူတက်မှာလဲ၊ ကျောင်းစာတွေကရော ဘယ်သူကသွားသင်မလဲ ကျောင်းသား မရှိဘဲ စာသင်ခန်းထဲ ဆရာလုပ်တဲ့လူရှိတယ်ဆိုရင်တော့ ရူးနေလို့ဘဲဖြစ်ပါမယ် (ရယ်လျက်) ဒါကြောင့် ကျွန်တော့အမြင်ကတော့ ပြည်သူလူထုကို ပြန်ခေါ်စည်းရုံးနေတဲ့ သူတို့ (စစ်ကောင်စီ) လုပ်ရပ်တွေကို ပြည်သူတွေ အနေနဲ့ စည်းစည်း လုံးလုံး ပြန်တော်လှန်စေချင်ပါတယ်”

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပညာရေး ကဏ္ဍ) အနေဖြင့်လည်း ပြည်သူလူထုအတွင်း ပညာရေးပိုင်း ကို အဓိက လုပ်ဆောင်နေသည်ဟူ၍ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက ထုတ်ပြန်ထားသည်။ “ကျောင်း သား မိဘတွေအနေနဲ့ ကိုယ်ချင်းစာတယ်၊ ကိုဗစ်ကြောင့် ကလေးတွေ ကျောင်းနောက်ကျပြီးပြီ ခုအာဏာ သိမ်းတာကြောင့်ပေါ့၊ ဆိုတော့ ကိုယ့်သားသမီးကို NUG ရဲ့ ပညာရေး ကဏ္ဍမှာလည်း ခုဆို မြို့နယ်တွေအလိုက် ခွဲနေကြပြီဆိုတော့ ဒါမျိုးမှာ တက်ခိုင်းကြပါ။ ကိုယ့် သား သမီး ရှေ့ရေးတွက် မိဘတွေမှာ တာဝန်အပြည့်ရှိပါ တယ်” ဟု ဒေသခံကျောင်းသားဖခင်တစ်ဦးက ဆက်၍ပြောသည်။

လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၆ မှ ဇွန် ၁ အထိ သတ်မှတ် ထားတာဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေး‌ငွေမှ လက်ခံခြင်းမပြုရန်၊ ငွေကြေး လက်ဆောင် များ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်ကျောင်းတံဆိပ် အစရှိသည်များကို ရောင်းချခြင်း မပြု ရန်၊ ကျောင်း ထွက်သူ လုံးဝ မရှိစေရေးနှင့် အလယ်တန်း၊ အလတ်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာ သင်ကြားနိုင်ရေး မိဘများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းတက်မှန်ရေး အိမ်စာများကို နေ့စဉ် လုပ် ဆောင်ရန် မိဘများနှင့် ပူးပေါင်းဆွေးနွေးရေး အစရှိသည့်အချက်များကို စစ်ကောင်စီ၏ ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – CJ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading