The Mindat Post
မေ ၁၁ ၊ ၂၀၂၂
IMCO (နိုင်ငံတကာ မင်းတပ် ချိုးအဖွဲ့) မှ CDF မင်းတပ် ရဲဘော်များအတွက် ကွမ်းယာ ဝယ်ယူရန် ကျပ် ၂၃ သိန်း လှူဒါန်းခဲ့ကြောင်း IMCO (North America) အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက် အကောင့်တွင် ဖော်ပြထားသည်။
CDF မင်းတပ်၏ တပ်ရင်းပေါင်း ၂၀ ရှိ ရှေ့တန်းရောက် ရဲဘော်များအတွက် ရည်ရွယ်၍ ပေးပို့ လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
” ကွမ်းဝါးရင်း ရှေ့တန်းသွားရတာ အရသာရှိသလိုခံစားရတယ်၊ ကွမ်းဖိုး ပို့ပေးပါ အစ်ကို လို့ ရဲဘော်တစ်ယောက် ပြောလို့၊ ဟုတ်ကဲ့ပါဆိုပြီး တပ်ရင်း ၂၀ အတွက် ပို့ပေးလိုက်တာပါ။ ဆေးလိပ်ကလည်း လိုမှာပဲဆိုပြီး ဆေးလိပ်၊ ကွမ်းယာဖိုး သီးသန့် ပို့ပေးတာ ” ဟူ၍ IMCO (North America) အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက The Mindat Post သို့ ပြောသည်။
IMCO ( International Mindat K’Cho Organization) သည် နိုင်ငံတကာရှိ ပြည်ပရောက် မင်းတပ်ချိုးလူမျိုးများ မှ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ကာကွယ်ရေးအဖွဲ့ကို ထိရောက်စွာ ဝန်းရံပြီး တော်လှန်ရေး အဆုံးသတ်သည်အထိ ပါဝင်ဆင်နွဲရန်အတွက် ရည်ရွယ်၍ ၃.၁၀.၂၀၂၁ တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“IMCO အဖွဲ့မှ CDF မင်းတပ် ရဲဘော်များအသုံးစားရိတ်အတွက် ကျပ်ငွေ ၂၃ သိန်း လှူဒါန်း”




Leave a Reply