The Mindat Post

Democracy and Justice Must Prevail!

” မင်းတပ် ကောလိပ်ကို အမြန်ဆုံးဖွင့်လှစ်သွားရန် လုပ်ဆောင်နေသည်ဟု စစ်ကောင်စီပြော ”

The Mindat Post

မေ ၂၇၊ ၂၀၂၂

တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် တက္ကသိုလ်၊ ကောလိပ်အနည်းပါးဆုံးဖြစ်နေသည့် ချင်းပြည်နယ်တွင်ရှိ မင်းတပ် ကောလိပ်နှင့် စက်မှုလက်မှု အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဥ်နေကြောင်း မေ ၂၅ တွင် စစ်ကောင်စီပိုင် သတင်းဌာနများက တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က ပြည်နယ်ဘတ်ဂျက် ကျပ် ၃ ဘီလျံခန့်ဖြင့် စတင်လုပ်ဆောင်ခဲ့သည့် မင်းတပ် ကောလိပ်ကို အမြန်ဆုံးအပြီးသတ်၍ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု စစ်ကောင်စီက ပြောထားကြောင်း ၎င်းကဆက်လက်၍ ဖော်ပြသည်။

အဆိုပါ ဆောက်လုပ်ဆဲ မင်းတပ် ကောလိပ်တွင် အသုံးပြုလျက်ရှိသော ဆောက်လုပ်ရေး အသုံးပစ္စည်းများကို မင်းတပ် ၂၇၄ တပ်ရင်းမှ သယ်ယူကာ တပ်ရင်းအတွင်း အသုံးပြုမှုများရှိနေသည်ဟူ၍လည်း ဒေသခံများက Zalen သတင်းဌာနကို ပြောသည်။ [MP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။]

ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ်က ဖွင့်လှစ်သည့် ဟားခါးကောလိပ်တစ်ခုသာရှိခဲ့ပြီး ၂၀၂၀ က တက္ကသိုလ်အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကာ ဟားခါးတက္ကသိုလ်သည် ချင်းပြည်နယ်၏ ပထမဆုံးတက္ကသိုလ် ဖြစ်ခဲ့သည်။

ယခုလက်ရှိ မင်းတပ်မြို့ပေါ် အထက ၁၊ အထက ၃၊ တပ်မြေများတွင် မေ ၂၇ (ယနေ့) မှ ကျောင်းသားများ စတင်အပ်နှံနေပြီး “ကျောင်းအပ်တဲ့ လူတွေကတော့မရှိသလောက်ဘဲ၊ ဒီနေ့မှ စအပ်ကြတာဆိုတော့ နောက်နေ့တွေ ဘယ်လိုလာမလဲ မပြောတတ်ဘူး” ဟု ဒေသခံ တစ်ဦးက The Mindat Post သို့ ပြောသည်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်သည့် မေ ၂၆ တွင် တစ်နိုင်ငံလုံးအတိုင်း​အတာ ကျောင်းလက်ခံသူဦးရေ စုစုပေါင်း ၁၆ သိန်း ကျော်ရှိသည်ဟု မေ ၂၇ (ယနေ့) တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ – ၂၀၂၁ ဇန်နဝါရီလဆန်းပိုင်းတွင် မြင်တွေ့ရသော မင်းတပ်ကောလိပ်

#themindatpost#မင်းတပ်ကောလိပ်#ပညာရေး#ချင်းပြည်နယ်#ဖွင့်လှစ်#တက္ကသိုလ်#စစ်ကောင်စီ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading