The Mindat Post
မေ ၂၅ ၊ ၂၀၂
မင်းတပ်မမြို့တွင် စစ်ကောင်စီ ဖွင့်လှစ်မည့် စာသင်ကျောင်းများ အစား ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေးဘုတ်အဖွဲ့က ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေ၂၅ (ယနေ့) ထုတ်ပြန် ကြေညာလိုက်သည်။
လက်ရှိကာလတွင် မင်းတပ်မြို့ပေါ်၌ စာသင်ကျောင်းများကို စစ်ကောင်စီကဖွင့်လှစ်ရန် ကြိုးစားနေကြောင်း သိရသည်။ သို့သော် ကျောင်းသူ ကျောင်းသားများ၏ လုံခြုံရေး အန္တရာယ်များ ရှိနေနိုင်ပြီး ကျောင်းသားမိဘများ အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေး ဘုတ်အဖွဲ့ က ဦးဆောင် ဖွင့်လှစ်သည့် ပြည်သူ့စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံပေးကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်ကောင်စီ နှင့် ပူးပေါင်းသည့် Non CDM ပညာရေး ဝန်ထမ်း များနှင့် စစ်ကောင်စီ ၏ ပညာရေး ယန္တရား လည်ပတ်စေရန် ကူညီ အားပေးသူများကိုလည်း ပြည်သူ့သစ္စာဖော်များဟု သတ်မှတ်ပြီး တော်လှန်ရေး ပြီးဆုံးသည့် ကာလတွင် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင်ပါရှိသည်။
မင်းတပ်မြို့နယ်အတွင်း လည်ပတ်မည့် စာသင်ကျောင်းများ အနေဖြင့်လည်း စစ်ကောင်စီနှင့် ချိတ်ဆက်ဆောက်ရွက်ခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
#themindatpost#whatshappeninginmindat#mindatchinstate#mindat#မင်းတပ်ပအဖ





Leave a Reply