(ချင်း တိုင်းရင်းသား – Kaang ကာဏ်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ မေလ ၂၇ ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ
![]()
၁။ မင်းတပ် ၂၇၄ တပ်ရင်းမှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ခြေထောက်ပြတ်၊ မိခင်ဖြစ်သူ ဦးခေါင်းဒဏ်ရာရ
၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်နေ့တွင် မင်းတပ်မြို့ နယ်မြေခံ ၂၇၄ တပ်ရင်းမှ ရမ်းသန်းပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာနေ အသက် ၁၀နှစ်ဝန်းကျင် က
လေးငယ်တစ်ဦး ခြေထောက်တစ်ဖက်ပြတ်ပြီး မိခင်ဖြစ်သူမှာ ဦးခေါင်းဒဏ်ရာရကြောင်း မဒပ်ကျေးရွာ ဒေသခံတစ်ဦးက The Mindat Post သို့ပြောသည်။
“၂၇၄ ဖက်ကနေ လက်နက်ကြီးတွေနဲ့ ၆ ချက်လောက်ပစ်တယ်။ အိမ်ရှေ့မှာဆော့နေတဲ့ ကလေးကိုထိတာ ဒူးအောက်ပိုင်း ပြတ်သွားပါတယ်။ သူ့အမေက ခေါင်းကိုထိတာ၊ အိမ်တွေလည်း ရစရာမရှိအောင်ပျက်သွားတယ် ” ဟု ပြောသည်။
အဆိုပါ ဖြစ်စဥ်အပြီး မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မီးသတ်ကုန်းတွင် နေရာယူသော စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့ မိနစ် ၃ဝ ကြာ ပစ်
ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီတပ် ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
![]()
၂။ စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိ ပြည်သူပိုင်နေအိမ်များထပ်မံမီးရှို့
၂၀၂၂ မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ထန်တလန်မြို့ထဲတွင် ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်များသည် မြို့ထဲသို့ ရောက်ရှိလာပြီး နေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု ဒေသခံ စေတနာ့ ဝန်ထမ်းတစ်ဦးကဆိုကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် The Chinland Post ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါမီးလောင်မှုသည် ထန်တလန်မြို့ Sianginn ရပ်ကွက်နှင့် ဗစ်တိုးရီးယားစခန်းသို့ သွားသည့်လမ်းတွင် ဖြစ်ပွားခဲ့သည်ဟု ၎င်းစေတနာ့ဝန်ထမ်းက ထပ်မံပြောသည်။
![]()
၃။ စစ်ကောင်စီ ယာဉ်တန်း ကို ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် ၊ စစ်ကောင်စီ ၉ ထက်မနည်းသေဆုံး
၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျောက်ထုမှ ပခုက္ကူသို့ ထွက်ခွာမည့် ကား အစီး ၇၀ ကျော်ပါ စစ်ကောင်စီ ယာဉ်တန်း ကို ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် ၊ စစ်ကောင်စီ ၁၀ ယောက်ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ထု PDF က သတင်းထုတ်ပြန်သည်။
မေလ ၂၂ ရက်၊ ယနေ့ မနက် (၁၀) နာရီခန့်တွင် ကျောက်ထုမှပခုက္ကူသို့ ထွက်ခွာမည့် ရိက္ခာယာဉ်တန်းအစီး ၇၀ ကျော် အတွက်လမ်းကြောင်းရှင်းလာသည့် စစ်ကောင်စီတပ်သား အင်အား ၂၃၀ ခန့်ထဲ မှရှေ့ပွိုင့် ကင်း ယူလာသော စစ်ကောင်စီ တပ်သား (၁၀ ဦး) အား ကျောက်ထု – ပုံညာလမ်းပိုင်းတစ်နေရာတွင်ကျောက်ထု-PDF (YRPA) နှင့် The Youth Force (Saw&kyaukhtu) ပူးပေါင်းတပ်ဖွဲ့မှ မိုင်း ၆ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ထု PDF ရဲ့ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
![]()
၄။ NUG က စစ်ကိုင်းတိုင်း ၁၅ မြို့နယ်တွင် တရားစီရင်ရေး အာဏာများ စတင်အပ်နှင်း
ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတသည် အောက်ဖော်ပြပါ မြို့နယ်အသီးသီးရှိ မြို့နယ်တရား
သူကြီးအဖွဲ့များကို ကြားကာလအတွင်း တရားစီရင်ရေး အာဏာများ ကျင့်သုံးဆောင်ရွက်နိုင်ရန် အလို့ငှာ ဤအမိန့်ကြေညာချက်ဖြင့် စက်ရှင် တရား
စီရင်ရေး အာဏာများ စတင်အပ်နှင်းလိုက်ကြောင်း ၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့ NUG ၏ ထုတ်ပြန်ချက်အမှတ် ၁၀/၂၀၂၂ တွင် ဖော်ပြပါရှိသည်။
အဆိုပါ မြို့နယ်များမှာ (၁) ကသာမြို့နယ် (၂) ကောလင်းမြို့နယ် (၃) ကန့်ဘလူမြို့နယ် (၄) ဗန်းမောက်မြို့နယ် (၅) ကျွန်းလှမြို့နယ် (၆) အင်းတော်မြို့နယ် (၇) ထီးချိုင့်မြို့နယ် (၈) ကနီမြို့နယ် (၉ )ဝက်လက်မြို့နယ် (၁၀) အရာတော်မြို့နယ် (၁၁) မြင်းမူမြို့နယ် (၁၂) တန့်ဆည်မြို့နယ် (၁၃) ခင်ဦးမြို့နယ် (၁၄) တမူးမြို့နယ် (၁၅) ယင်းမာပင်မြို့နယ်တို့ဖြစ်ပြီး ယှဥ်တွဲဖော်ပြပါမြို့နယ်များ၏ မြို့နယ်တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အောက်ပါအတိုင်း အတည်ပြု ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
![]()
၅။ စစ်ကောင်စီကို အရေးယူပေးဖို့ Quad အင်အားကြီးလေးနိုင်ငံထံ NUG တောင်းဆို
စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို တုံ့ပြန်ပေးဖို့ အာရှရဲ့ NATO လို့ ခေါ်ကြတဲ့ အမေရိကန်အပါအဝင် ဩစ
တြေးလျ၊ အိန္ဒိယ၊ ဂျပန် စတဲ့ အင်အားကြီး လေးနိုင်ငံပါတဲ့ Quad အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလ ၂၃ ရက် မနေ့က ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။
NUG ရဲ့ တောင်းဆိုချက်တွေထဲမှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေကို သည်းမခံဖို့၊ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကျူးလွန်သူတွေကို အရေး
ယူပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုတွေအပေါ် ကူညီဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
စစ်ကောင်စီကို ထောက်ပံ့ရာရောက်နေတဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကို Quad နိုင်ငံတွေရဲ့ လုပ်ပိုင်ခွင့်သုံးပြီး ကန့်သတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အမေရိကန် ဦးဆောင်တဲ့ Quad အဖွဲ့ဟာ မေလ ၂၃ ရက် နဲ့ ၂၄ ရက်နေ့တွေက ဂျပန်နိုင်ငံမှာလုံခြုံရေးဆိုင်ရာအစည်း
အဝေးရှိနေပြီး NUG ကတော့ အဲဒီအစည်းအဝေးကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဒီတောင်းဆိုချက်တွေကို မြန်မာ့အရေး၊ ဒီမိုကရေစီအရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အင်အားကြီး လေးနိုင်ငံအနေနဲ့ ဆောင်ရွက်ပေးဖို့ကိုလည်း ရေးသားထားပါတယ်။
#choradio#kaang#mindatchinstate#whatshappeninginmindat#themindatpost






Leave a Reply