The Mindat Post
မေ ၂၉ ၊ ၂၀၂၂
ချင်းပြည်သူများအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် CJDC ခေါ် ချင်းအမျိုးသားကာကွယ်ရေး တပ်ပေါင်းစု ကော်မတီက ထုတ်ပြန် လိုက်ကြောင်းသိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အချက် ၄ ချက်ပါရှိပါရှိကြောင်း သိရသည်။
၁။ နိုင်ငံတော်အာဏာသိမ်းယူရန်ကြိုးပမ်းနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီ သည် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း တစ်နိုင်လုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင် ရွက်နေသည်ကို သိရကြောင်း
၂။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်မှုသည် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်သည်ဟု နိုင်ငံတကာအား ပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုးစားမှုသာဖြစ်သည် ဟု CJDC အနေဖြင့် ရှုမြင်ကြောင်း
၃။ ချင်းပြည်ထောင်တစ်ဝှမ်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိစေရေးအတွက် တားဆီးတွန်းလှန်ကြရန်နှင့် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် CJDC က တိုက်တွန်း လိုက်ပြီး
၄။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုး ပမ်းမှုတွင် ပါဝင်ဆောင်ရွက်သည့် Non-CDMers များကို CJDC အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
#chinlandjointdefensecommittee#CJDC#themindatpost





Leave a Reply