The Mindat Post

Democracy and Justice Must Prevail!

(The Mindat Post , CHO RADIO & RADIO NUG တို့ ပူးပေါင်းတင် ဆက်သည့် ရေဒီယို သတင်းလွှာ ဖြစ်ပါသည်။)

📌(ချင်း တိုင်းရင်းသား – Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ မေလ ၂၉ ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ)

📌📌၁။ မင်းတပ် ၂၇၄ တပ်ရင်းမှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ခြေထောက်ပြတ်၊ မိခင်ဖြစ်သူ ဦး ခေါင်းsဒဏ်ရာရ

မင်းတပ်မြို့ နယ်မြေခံ ၂၇၄ တပ်ရင်းမှ မေ ၂၃ နံနက်အစောပိုင်းတွင် ရမ်းသန်းပစ်ခတ်မှုကြောင့် မဒပ် ကျေး ရွာနေ အသက် ၁၀နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး ခြေထောက်တစ်ဖက်အပြင်းအထန် ဒဏ်ရာရပြီး မိခင်ဖြစ် သူမှာ ဦးခေါင်းဒဏ်ရာရကြောင်း မဒပ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ပိုင်းမှာ ၂၇၄ ဖက်ကနေ လက်နက်ကြီးတွေနဲ့ ၆ ချက်လောက်ပစ်တယ်။ အိမ်ရှေ့မှာဆော့ နေတဲ့ ကလေးကိုထိတာ ဒူးအောက်ပိုင်း ပြတ်သွားပါတယ်။ သူ့အမေက ခေါင်းကိုထိတာ၊ အိမ်တွေလည်း ရစရာမရှိ အောင်ပျက်သွားတယ်၊ ခုကလေးကို အရေးပေါ်ဆေးရုံခေါ်သွားကြပြီ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဥ်အပြီးတွင် CDF မင်းတပ်က မေ ၂၂ (ယမန်နေ့) ည မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မီးသတ် ကုန်းတွင် နေရာယူသော စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့ မိနစ် ၃ဝ ကြာ ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖက် ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကို သိရှိရန် ဆက်သွယ်ရာ မဒပ်ကျေးရွာ၌ ဆေးခန်းများဖွင့်လှစ်ထားရှိမှုကြောင့် ၎င်းတို့ (စစ် ကောင်စီ) ဖက်မှ ပစ်ခတ် ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်မြေခံတပ်ရင်း ၂၇၄ က ဖြေရှင်းချက်ပေးထားကြောင်း အဆိုပါ ဒေသခံ တစ်ဦးက ဆိုသည်။

ထို့နောက် မေ ၂၅ ရက် နေ့လည် ၁၂ နာရီလောက်က မင်းတပ်မြို့နယ်၊ ‌ပြေကျေးရွာတွင် စစ်ကောင်စီက အမျိုးသားတစ်ဦးကို ပစ်သတ်ကာ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွားကြတယ်လို့ CDF-MINDAT (သတင်းနှင့် ပြန်ကြားရေးဌာန) က ထုတ်ပြန်သည်။

📌📌၂။ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာများ ထောက်ပံ့

မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ၊ သုံးကုန်ပစ္စည်းအချို့ကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီမှ တဆင့် ထောက်ပံ့ပေးခဲ့ကြောင်း မေ ၂၄ တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် အခေါက်တွင် ဆန်အိတ်ပေါင်း ၃၉၀ ကို မင်းတပ်မြို့နယ် စစ်ဘေး ရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီမှ ပံ့ပိုးကူညီနိုင်ခဲ့ကြောင်း၊ ယခု တွင် ဆန်အိတ် ၅၀ နှင့် အခြားသော စားသုံးကုန်ပစ္စည်းများကို စစ်ဘေးရှောင်ပြည်သူများထံ ထပ်မံ ပံ့ပိုး ပေးနိုင်ခဲ့ သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

📌📌၃။ စစ်ကောင်စီ ဖွင့်လှစ်မည့် စာသင်ကျောင်းများအစား ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေးအဖွဲ့က ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ် ပအဖ ထုတ်ပြန်

မင်းတပ်မြို့တွင် စစ်ကောင်စီ ဖွင့်လှစ်မည့် စာသင်ကျောင်းများအစား ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေးဘုတ် အဖွဲ့က ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က မေ ၂၅ တွင် ထုတ်ပြန်ကြေညာသည်။

လက်ရှိကာလတွင် မင်းတပ်မြို့ပေါ်၌ စာသင် ကျောင်းများကို စစ် ကောင်စီကဖွင့်လှစ်ရန် ကြိုးစား နေသည်။ သို့ သော် ကျောင်းသူ ကျောင်းသားများ၏ လုံခြုံ ရေး အန္တရာယ်များ ရှိ နေနိုင် ပြီး ကျောင်းသားမိဘများ အ နေဖြင့် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ ပညာ ရေး ဘုတ်အဖွဲ့က ဦး ဆောင်ဖွင့်လှစ် သည့် ပြည်သူ့စာသင် ကျောင်းများတွင် ကျောင်းအပ်နှံ ပေးကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

စစ် ကောင်စီနှင့် ပူး ပေါင်းသည့် Non CDM ပညာ ရေးဝန်ထမ်းများနှင့် စစ် ကောင်စီ၏ ပညာ ရေးယန္တရား လည်ပတ် စေရန် ကူညီအား ပေးသူများကို ပြည်သူ့သစ္စာ ဖော်များဟုသတ်မှတ်ပြီး တော်လှန် ရေးပြီးဆုံးသည့် ကာလတွင် အ ရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။ မင်းတပ်မြို့ နယ်အတွင်း လည်ပတ်မည့် စာသင် ကျောင်းများအ နေဖြင့်လည်း စစ် ကောင်စီနှင့်ချိတ်ဆက် ဆောင်ရွက်ခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုလက်ရှိ မင်းတပ်မြို့ပေါ် အထက ၁၊ အထက ၃၊ တပ်မြေများတွင် မေ ၂၇ (ယမန်နေ့) မှ ကျောင်းသားများ စတင်အပ်နှံနေပြီး “ကျောင်းအပ်တဲ့ လူတွေကတော့မရှိသလောက်ဘဲ၊ ဒီနေ့မှ စအပ်ကြတာဆို တော့ နောက်နေ့တွေ ဘယ်လိုလာမလဲ မပြောတတ်ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်သည့် မေ ၂၆ တွင် တစ်နိုင်ငံလုံးအတိုင်း အတာ ကျောင်းလက်ခံသူဦးရေ စုစုပေါင်း ၁၆ သိန်း ကျော်ရှိသည်ဟု မေ ၂၇ တွင် ထုတ်ပြန်သည်။

📌📌၄။ မင်းတပ် ကောလိပ်ကို အမြန်ဆုံးဖွင့်လှစ်သွားရန် လုပ်ဆောင်နေသည်ဟု စစ်ကောင်စီပြော

တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် တက္ကသိုလ်၊ ကောလိပ်အနည်းပါးဆုံးဖြစ်နေသည့် ချင်းပြည်နယ်တွင် မင်းတပ် ကောလိပ်နှင့် စက်မှုလက်မှု အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဥ်နေကြောင်း မေ ၂၅ တွင် စစ်ကောင်စီပိုင် သတင်းဌာနများက ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က ပြည်နယ်ဘတ်ဂျက် ကျပ် ၃ ဘီလျံခန့်ဖြင့် စတင် လုပ်ဆောင်ခဲ့သည့် မင်းတပ် ကောလိပ်ကို အမြန်ဆုံးအပြီးသတ်၍ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်ဟု စစ်ကောင်စီက ပြောထားကြောင်း ၎င်းကဆက်လက်၍ ဖော်ပြသည်။

အဆိုပါ ဆောက်လုပ်ဆဲ မင်းတပ် ကောလိပ်တွင် အသုံးပြုလျက်ရှိသော ဆောက်လုပ်ရေး အသုံးပစ္စည်း များကို မင်းတပ် ၂၇၄ တပ်ရင်းမှ သယ်ယူကာ တပ်ရင်းအတွင်း အသုံးပြုမှုများရှိနေသည်ဟူ၍လည်း ဒေသခံများက Zalen သတင်းဌာန သို့ ပြောသည်။

ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ်က ဖွင့်လှစ်သည့် ဟားခါး ကောလိပ်တစ်ခုသာရှိခဲ့ပြီး ၂၀၂၀ က တက္ကသိုလ် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကာ ဟားခါးတက္ကသိုလ်သည် ချင်းပြည်နယ်၏ ပထမဆုံးတက္ကသိုလ်ဖြစ်သည်။

📌📌၅။ တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ ပစ်ခတ်မှု ဆရာမ နှင့် ကလေးငယ် ၂၁ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ထဲက မူလတန်းကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာ ကြောင့် ကျောင်းသားကလေးငယ် ၁၉ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုဟာ တက္က ဆက်ပြည်နယ်ထဲက ယူဗလ်ဒီမြို့မှာရှိတဲ့ ရောဘ်မူလတန်းကျောင်းမှာ မေလ ၂၄ ရက် နေ့မှာ ဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မှုကို ကျူးလွန်တဲ့သူဟာ ဆလာဗယ်ဒေါရာမို့စ် ဆိုသူ အသက် ၁၈ နှစ်အရွယ် လူငယ်ဖြစ်ပါတယ်။

သူ့လက်ထဲမှာ AR-15 ရိုင်ဖယ်သေနတ်တစ်လက်နဲ့ သေနတ်တိုတစ်လက်ကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။ အခုတော့ အဲဒီလူဟာ သေဆုံးပြီဖြစ်ပြီး ရဲက ပစ်ခတ်ချိန် သေဆုံးခဲ့တာဖြစ်ပါ တယ်။ သေဆုံးတဲ့ကလေးငယ်တွေဟာ အသက် ၇ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်တွေ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ‘ကိုယ့်ရင်သွေးဆုံးရှုံးရတာဟာ ဘာနဲ့မှ နှိုင်းမရတဲ့ ခံစားချက်’ လို့ ပြောသလို ‘ဆယ် ကျော်သက်တွေကို သေနတ်၀ယ်ခွင့်ပေးထားတာဟာ လူသတ်ခိုင်းသလိုဖြစ်နေပြီး ဒါဟာ မှားယွင်း နေပါတယ်၊ ဒီနာကျင်ခံ စားရမှုတွေ ရပ်တန်းကရပ်သွားအောင် သေနတ်ကိုင်ဆောင်မှုကို ထိန်းချုပ်ဖို့ အချိန်ကျပြီ’ ဆိုပြီး ပြောဆိုထားတယ်လို့ ဘီဘီစီ မြန်မာပိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

#themindatpost#choradio#RadioNUG#SpringRevolutionMyanmar#whatshappeningnowinmyanmar#whatshappeninginchinstate

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading