The Mindat Post
ဇွန် ၁ ၊ ၂၀၂၂
စစ်ကောင်စီ ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံခြင်းကို အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့တွင် စတင် ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကျောင်းအပ်နှံမှု အနည်းဆုံး ဒေသမှာ လက်ရှိတွင် စစ်ကောင်စီနှင့်
ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲ ပြင်းထန်နေသော ချင်းပြည်နယ် ဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ကျောင်းအပ်နှံသူ ေကျာင်းသူ ကျောင်းသား အရေအတွက် နှစ်သောင်း ဝန်းကျင်သာရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းသူ ကျောင်းသား ဦးရေ ၉၁၇၇၂၁ ဦးက ကျောင်းအပ်နှံခဲ့ကြပြီး တစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံမှုအများဆုံးတိုင်း ဖြစ်ကြောင်း ယနေ့ ဇွန်လ ၁ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ
သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်း တွင် ကျောင်းအပ်နှံသူ ၇သိန်းနီးပါးရှိပြီး ဒုတိယကျောင်းအပ်နှံမှုအများဆုံးဖြစ်သည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ အဆိုအရ တစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံသူ ဦးရေ
၅.၂ သန်း ရှိကြောင်းသိရသည်။
စစ်ပြိုင်အစိုးရ အဖြစ်ရပ်တည်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေဖြင့်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေး အစီအစဉ်များ ရေးဆွဲ လုပ်ဆောင်လျက်ရှိသည်။
ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေး နှင့် ပညာရေး ဘုတ်အဖွဲ့များ အနေဖြင့်လည်း ကိုယ်ထူကိုယ်ထ ပညာရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံစာ – မင်းတပ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းကို တွေ့ရစဉ် ( ပုံဟောင်း )
#themindatpost#education#whatshappeninginmindat#whatshappeninginmyamar#Myanmarcoup#whatshappeninginchinstate#ကျောင်းအပ်လက်ခံ#ချင်း#ဧရာဝတီ#စစ်ကောင်စီ





Leave a Reply