The Mindat Post

Democracy and Justice Must Prevail!

” မင်းတပ် ပအဖ တရားစီရင်ရေးဌာန စတင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ခဲ့ပြီး တစ်နှစ်တာ လုပ်ဆောင်ချက်များထုတ်ပြန် “

#LocalNews | မင်းတပ် ပအဖ တရားစီရင်ရေးဌာန စတင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ခဲ့ပြီး တစ်နှစ်တာ လုပ်ဆောင်ချက်များထုတ်ပြန်

~~~~~~~~

The Mindat Post

ဇူလိုင် ၈၊ ၂၀၂၂

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ တရားရေး ဌာန/ တရားစီရင်ရေးဌာန ကို ၂၀၂၁ ခုနှ် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း တရားစီရင်ရေးဌာန ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်​​ပြန်ချက်တွင် ပြည်သူများအား ဥပဒေအကာအကွယ်ပေးနိုင်ရန်နှင့် ပြစ်မှုများပေါ်ပေါက်လာပါက ဓလေ့ထုံးတမ်း၊ တည်ဆဲဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တရားစီရင်ရေးဌာန-မင်းတပ်မြို့ကို မြို့နယ်တရားစီရင်ရေးအဖွဲ့၊တိုက်နယ်/ကျေးရွာ ဖြန်ဖြေရေးအဖွဲ့ဟူ၍ အဆင့်ဆင့်ဖွဲ့စည်းထား ကြောင်း

မှုခင်း၊ပြဿနာများကြုံတွေ့ရပါက မိမိကျေးရွာ၊တိုက်နယ် ဖြန်ဖြေရေးအဖွဲ့ထံသို့ ဆက်သွယ်တိုင်ကြား အကူညီတောင်းကြရန်၊ ကျေးရွာ/တိုက်နယ်များမှ ဖြန်ဖြေဆောင်ရွက်နိုင်ခြင်းမရှိသည့် အမှုများကို မြို့နယ်တရားစီရင်ရေးအဖွဲ့မှ ဥပဒေနှင့်အညီစစ်ဆေးစီရင်ပေးနိုင်ရန်စီစဉ်ထား ကြောင်း

ကျေးရွာ၊တိုက်နယ် ဖြန်ဖြေရေးအဖွဲ့များကို ချင်းဓလေ့ထုံးတမ်းများအား နှံ့စပ်နားလည်သူများနှင့် ဖွဲ့စည်းထားသည့်အားလျော်စွာ ၎င်းအဖွဲ့များမှ ချင်းဓလေ့ထုံးတမ်းနှင့် အညီကျေအေးပြီးပြတ်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ဓလေ့ထုံးတမ်းနှင့်အညီ မပြီးပြတ်နိုင်သည့်ပြစ်မှုများကို မြို့နယ်တရားစီရင်ရေး အဖွဲ့မှ ရာဇသတ်ကြီး၊ရာဇ၀တ်ကျင့်ထုံးဥပဒေ နှင့်အညီ စစ်ဆေးစီရင်ပေးမည်ဖြစ်ကြောင်း

ယခုအချိန်တွင် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မြို့နယ်တရားစီရင်ရေးအဖွဲ့မှ အမှုများကို စောလျှင်စွာပြီးပြတ်အောင် ကြိုးစားဆောင်ရွက်ပေးနေပြီဖြစ် ဖော်ပြပါရှိသည်။

ထို့နောက် တစ်နှစ်အတွင်း တရားစီရင်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်ပြီးအခြေအနေများကို ဆက်လက် တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

———————————————————————–

~ တစ်နှစ်တာ အတွင်း တရားစီရင်‌ရေးဌာ-မင်းတပ်မြို့၏ လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ် ကိုလည်း အောက်ပါ အတိုင်း ဖော်ပြထားသည် ~

{ မင်းတပ်မြို့နယ်အတွင်းပြစ်မှုများ မများပြားစေရန်နှင့် ပြည်သူများဥပဒေအကာအကွယ်ရနိုင်ရန် အလို့ဌာ ၇.၇.၂၀၂၁ ရက်နေ့တွင် တရားစီရင်ရေးဌာနအားဖွဲ့စည်းပြီးနောက် –

ကြားကာလအခြေအနေနှင့်ကိုက်ညီ၍ ထိရောက်မည့်နည်းလမ်း၊မူဝါဒများချမှတ်နိုင်ရန်

မင်းတပ်မြို့နယ်တွင် တိုက်နယ် (၉)ခုရှိသည့်အနက် တိုက်နယ်(၅)ခုတွင် ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ ကာလအ‌ခြေအနေ၊နယ်မြေအနေအထားများအား assessment လုပ်ခဲ့ကြသည်။

ထို့နောက် နယ်မြေ အချို့တွင် ကျေးရွာ/တိုက်နယ် ဖြန်ဖြေရေးအဖွဲ့များအားဖွဲ့စည်းခဲ့ပြီး ချင်းဓလေ့ထုံးတမ်းနှင့်အညီဖြေရှင်းကြရန် ဆောင်ရွက်ခဲ့ကြသည်။

တစ်နှစ်တာအတွင်း မြို့နယ်တရားစီရင်ရေးဌာန(ဖြန်ဖြေရေးအဖွဲ့များအပါအ၀င်) မှဆောင်ရွက် ပြီးပြတ်ခဲ့သော အမှုအမျိုးအစားများမှာ ရာဇ၀တ်မှုဖြစ်သည့် နာကျင်စေမှု၊လူသတ်မှု၊မူးယစ်ရမ်းကားမှု၊ခိုးမှု၊ကျော်နင်းမှု၊ အကျိုးဖျက်ဆီးမှု၊ ဒေသန္တရတားမြစ်မိန့်များကိုဖောက်ဖျက်မှု၊အများပြည်သူနှောက်ယှက်မှု၊ တရားမမှုဖြစ်သော ချေးငွေရလိုမှု၊ မြေယာအငြင်းပွားမှု(အဆိုပါမြေယာအငြင်းပွားမှုတွင် ယခင်တရားရုံးကဆုံးဖြတ်ပြီးသောမှုခင်းများနှင့် မြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်ဆဲအမှုများမှအပ) စုစုပေါင်း ၇၅မှုအား ပြီးပြတ်ဆောင်ရွက်ခဲ့ပြီးဆောင်ရွက်ဆဲ(၂)မှုကျန်ရှိပါသည်။

(ဆက်သွယ်ရေး အခက်အခဲများကြောင့် -‌ဧပြီ၊မေ၊ဇွန် စာရင်းအချို့မပါသေးပါ။)

#မြို့နယ်တရားစီရင်ရေးဌာန၏ လက်စွဲအား ရေးသားပြုစုခဲ့ကြပြီး မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အတည်ပြုအမိန့်ထုတ်ပြန်ပြီးဖြစ်သည်။ }

#themindatpost#whatshappeninginmindat#mindatpeoplesadministrationcommittee#CourtOfJustice#judicialdepartment

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading