(ချင်း တိုင်းရင်းသား – Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ ဇူလိုင်လ ( ၃၁ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌 (ချင်းတိုင်းရင်းသား – Mün မွန်းဘာသာစကား) ထုတ်လွှင့်မှုအစီအစဥ်၂၀၂၂ဇူလိုင်လ ( ၃၁ ) ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။မင်းတပ်မြို့နယ်တချို့မှာတယ်လီဖုန်းလိုင်းပြန်ရပြီ
မင်းတပ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကနေစပြီး စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်တဲ့နောက် ဇူလိုင်လ ၂၇ ရက် (ယမန်နေ့) ညပိုင်းလောက်မှာ တယ်လီဖုန်းလိုင်းတွေ ပြန်လည်ရရှိတယ်လို့ မင်းတပ်မြို့ပေါ် နေပြည်သူတွေက ပြောပါတယ်။
“ဖုန်းလိုင်း မနေ့ညနေပိုင်းက မြို့ပေါ်မှာပြန်ရပြီ၊ ရွာဖက်တွေက တချို့ရတယ်၊ တချို့ မရသေးဘူးကြားတယ်၊ အတိ ကျမသိဘူး” လို့ သူတို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်းတွေ မင်းတပ်မြို့နယ်ထဲကို ခရီးစဥ်ရှိလာရင် စစ်ကောင်စီက အခုလိုမျိုး တယ်လီဖုန်းလိုင်းဖြတ်တောက်လေ့ရှိတာလို့လည်း ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက် လောက်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း မင်းတပ်မြို့နယ်မြေခံ ၂၇၄ တပ်ရင်းမှာ ဝင်ရောက်ပြီး တဲ့နောက် အဲဒီယာဥ်တန်း မကွေးတိုင်းထဲကိုပြန်လည်ရောက်ရှိသည့်တိုင် ဖုန်းလိုင်းတွေ ပြန်လည်ဖွင့်လှစ် ပေးတာ မျိုးမရှိဘဲ တစ်ပတ်ကျော်ကြာမှ ဖုန်းလိုင်းပြန်ရတာဖြစ်တယ်လို့ သူတို့က ဆက်ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်း လောက်ကနေ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ဖြစ်ပြီး လူ့အခွင့် ရေးချိုးဖောက်ကာ သတင်း အမှောင် ချထားတာ ၁၀ လဝန်းကျင်ရှိလာပြီလို့လည်း ဒေသခံတွေက ပြောဆိုထားပါသေးတယ်။
📌📌 ၂။ဦးဖြိုးဇေယျာသော်၊ဦးဂျင်မီနှင့်သာမန်ပြည်သူများဖြစ်သည့်ကိုမျိုး၊ဦးအောင်သူရဇော်တို့အားစစ်ကောင်စီကသေဒဏ်ပေးခြင်းအပေါ်မြန်မာပြည်သူများနှင့်အတူဒေါသကြီးမှု၊ဝမ်းနည်းကြေကွဲကြောင်း CDF မင်းတပ်ထုတ်ပြန်၊စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ချေမှုန်းရန်ချင်းကာကွယ်ရေးတပ် (မင်းတပ်) အနေဖြင့်အစွမ်းကုန်ဆောင်ရွက်မည်ဟုဆို
ပြည်သူလူထုအပေါ်နှစ်ပေါင်းများစွာ ရက်စက်ယုတ်မာသည့် စစ်ကောင်စီမှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူလူထု၏ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့် အာဏာသုံးရပ်အား မတရား သိမ်းယူခဲ့ခြင်းကြောင့် မြန်မာပြည်သူများအနေဖြင့် အကြမ်းမဖက်ဘဲ အာဏာရှင် အလိုမရှိကြောင်း စတင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု CDF မင်းတပ်က ထုတ်ပြန်သည်။ ၂၀၂၂ ဇူလိုင် ၂၃ တွင် ပြည်သူလူထုအပေါ်အကြမ်းဖက် ရက်စက်ယုတ်မာသည့် စစ်ကောင်စီ (နစက) မှ နိုင်ငံရေးအကျဥ်းသားများဖြစ်သည့် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီနှင့် သာမန်ပြည်သူများဖြစ်သည့် ကိုမျိုး၊ ဦးအောင်သူရဇော်တို့အား သေဒဏ်ပေးခြင်းအပေါ် ချင်းကာကွယ်ရေးတပ် (မင်းတပ်) အနေဖြင့် မြန်မာပြည်သူ များနှင့်အတူ ဒေါသကြီးမှုနှင့် ဝမ်းနည်းကြေကွဲမှုများ ခံစားရကြောင်း ၎င်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။
ယင်းနောက် နိုင်ငံရေးအသိုင်းအဝိုင်းများသာမက မြန်မာပြည်သူများမှ ယခုကဲ့သို့ သေဒဏ်ချမှတ်မည်ဆိုး၍ “သေဒဏ်ချမှတ်ခြင်း” ကိုမလုပ်မိစေရန် သံတမန်များဖြင့် မေတ္တာရပ်ခံတားမြစ်သည့်ကြားမှ နိုင်ငံရေး အကျဥ်း သားများအား ရူးမိုက်စွာ သေဒဏ်စီရင်ခြင်းသည် ဂျီနီဗာသဘောတူညီချက်များအား အလေးမထား ချိုးဖောက်မှု အပေါ် ပြင်းပြင်းထန်ထန် ရှုပ်ချသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီက သေဒဏ်ချမှတ်ခြင်းအပေါ် အနယ်နယ်အရပ်ရပ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ နှလုံးသား တွင် ရင့်သီးစွာနာကျင်ခံစားရပြီး တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်အာဏာရှင်အမြစ်ဖြုတ် ချေမှုန်းရန် ပိုမိုအားစိုက်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့်လည်း စစ်ကောင်စီ အား အစွမ်းကုန်တော်လှန်သွားမည်ဟု ထုတ်ပြန်ကြေညာသည်။
📌📌 ၃။ချင်းရန်ပုံငွေအဖွဲ့ (CRFP) ကတူမီးထီအရောင်းကိုယ်စားလှယ်များလျှောက်ထားနိုင်ကြောင်းဖိတ်ခေါ်
ချင်းရန်ပုံ ငွေအဖွဲ့ (CRFP) က တူမီးထီ အရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ် နေ ကြောင်း သိရသည်။ တူမီးထီ ရောင်းအား ပိုမိုမြင့်မားပြီး တော်လှန်ရေးအရှိန်မြှင့်နိုင်ဖို့ တူမီးထီအရောင်းကိုယ်စားလှယ် လျှောက်တင်နိုင်ပြီ ဖြစ်ကြောင်း ဆိုသည်။ တူမီးထီ အရောင်းကိုယ်စားလှယ်လျှောက်လွှာကို တစ်ဦးချင်းအနေဖြင့် လျှောက်ထား နိုင်ပြီး ယင်းလျှောက်လွှာကို သြဂုတ်လ (၁၀) ရက်နေ့ နောက်ဆုံးထားကာ တင်သွင်းနိုင် ကြောင်း သိရသည်။
တူမီးထီ အရောင်းကိုယ်စားလှယ်များအနေဖြင့် မိမိတို့ ၏ထီလက်မှတ် ရောင်းရငွေထဲမှ သတ်မှတ်ထားသည့် ရာခိုင်နှုန်းများ ခံစားခွင့်ရရှိမည်ဖြစ် ကြောင်း CRFP အဖွဲ့က ဆိုသည်။ ချင်းရန်ပုံ ငွေအဖွဲ့ (CRFP) ၏ တူမီးထီအစီအစဥ်မှ ရရှိသည့် ငွေကြေးအားလုံးသည် ချင်းပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ အတွက် အသုံးပြုနေခြင်းဖြစ်ပြီး ချင်း တော်လှန် ရေး လုပ်ငန်းများကို ပိုမိုပံ့ပိုးသွားနိုင်ရန်အတွက် တူမီးထီ အရောင်းစနစ်ကို တိုးမြှင့်လုပ် ဆောင် နေခြင်းဖြစ် ကြောင်းသိရသည်။
တူမီးထီ ကိုယ်စားလှယ် လျှောက်လွှာတင်သွင်း အောင်မြင်သူများ အ နေဖြင့် CRFP က သတ်မှတ်ထားသည့် အောက်ပါသတ်မှတ်ချက်များအတိုင်း ပူး ပေါင်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း CRFP အဖွဲ့က ဆိုသည်။
၁။ CRFP မှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရောင်းချရမည်။
၂။ တူမီးထီ ရောင်းရငွေများကို လက်ခံထိန်းသိမ်းထားရမည်။
၃။ CRFP မှကျင်းပသည့် အစည်းအဝေးများသို့ တက်ရောက်ရမည်။
၄။ တူမီးထီ ရောင်းရငွေများနှင့် စာရင်းများကို CRFP ထံသို့ နှစ်ပတ် တစ်ကြိမ်အပ်နှံရမည်။
အသေးစိတ်အချက်အလက်များကို တူမီးထီ (ဖေ့ဘုတ်) လူမှုကွန်ရက်စာမျက်နှာတွင် သွားရောက် လေ့လာ နိုင်ကြောင်း ဖော်ပြသည်။
📌📌 ၄။မလေးရှားနိုင်ငံ၌ထိန်းသိမ်းခံထားရသည့် CDM ဝန်ထမ်းများကိုကယ်ထုတ်နိုင်ခဲ့
မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံမှ CDM ဝန်ထမ်းများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှား) (MMWC-Malaysia) ထံမှသိရကြောင်း Lu Nge Khit သတင်းဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုအတွက် ကလန်တန်းထောင်တွင် CDM ဝန်ထမ်း (၅) ဦး ထိန်းသိမ်းခံထားရသည်ဟု ယင်းကော်မတီကဆိုသည်။ ထို့ကြောင့် ၎င်းတို့ကို ကယ်ထုတ်နိုင်ရေးအတွက် UNHCR နှင့်ချိတ်ဆက် ကြိုးစားဆောင်ရွက်နေပြီး ဇူလိုင် (၂၇) ရက်တွင် (၂) ဦးကို ခေါ်ထုတ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု (MMWC- Malaysia) ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ပြောဆို ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၉ တွင်လည်း ကျန်ရှိသည့် ထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒေါ်သူဇာမောင်ထံမှသိရသည်။ “ယနေ့ တရားရုံးမှာ အမှုနိုင်ပါတယ်ရှင့် … လုပ်ထုံး လုပ်နည်းများ ကျန်ပါသေးသဖြင့် လူစောင့်ခေါ်နေပါတယ်… အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်သူဇာမောင်က ၎င်း၏ Facebook လူမှုကွန်ရက်အ ကောင့်တွင် ရေးသားဖော်ပြထားသည်။ မလေးရှားနိုင်ငံ ၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် CDM ဝန်ထမ်းများရှိပါကလည်း ဆက်သွယ်သတင်းပေးရန် MMWC က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ CDM ဝန်ထမ်းများမှာ လက်ရှိအချိန်၌ အလုပ် အကိုင်အခက်အခဲများရှိနေပြီး စစ်ကောင်စီက ပြည်ပသွားရောက်ခွင့်ကို ပိတ်ပင်ထားသည်။ ထို့ကြောင့် နယ်စပ်လမ်းကြောင်းမှ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ချိန် အခြားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများရှိနေခြင်းဖြစ်သည်။







Leave a Reply