The Mindat Post
အောက်တိုဘာ ၁၄ ၊ ၂၀၂၂ ၊ မင်းတပ်
ပြီးခဲ့တဲ့ အောက်တိုဘာလ (၁) ရက်နေ့က မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ မိခင်တစ်ဦး မီးတွင်းထဲမှာ ဆုံးပါးသွားခဲ့တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီက ၎င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဆိုပါ ကွယ်လွန်သူ မိခင်မှာ ကျန်ရစ်သူ သား သမီး ၉ ဦး ကျန်ရှိခဲ့ပြီး အကူညီတွေများစွာ လိုအပ်နေတဲ့ အတွက် မင်းတပ် မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီဆီကို စာရေးပြီး အကူအညီတောင်းခံတာဖြစ်တယ်လို့ သိရပါတယ်။
“ကံဆိုးတယ်ပဲ ပြောရမလား၊ ကံကောင်းတယ်ပဲပြောရမလား ကလေးငယ်လေးကတော့ အသက်ရှင်ကျန်ရစ်နေခဲ့ပါတယ်။ ကျန်ရစ်သူ ကလေးငယ်လေးအတွက် နို့မှုန့်နဲ့ အဟာရမှုန့်တွေ ဝယ်ယူဖို့အတွက် အလှူငွေ (နည်းနည်း၊ များများ) ထည့်ဝင်ပေး ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဆိုပြီး စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီက အာဏာ သိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့နယ်အတွင်း မှာ ဆေးဝါးကုသခွင့် မရရှိမှု ၊ ဆေးဝါး ပြတ်လပ်မှု နဲ့ အစားအသောက် ရှားပါးမှုတွေကြောင့် သက်ကြီးရွယ်အိုများ ၊ ကလေးသူငယ်များ နဲ့ မီးနေသည် အမျိုးသမီး များ မကြာခဏ ဆုံးပါးလေ့ရှိနေပါတယ်။
#themindatpost#mindatchinstate#မီးတွင်းဆုံးပါး
#မီးနေသည်အမျိုးသမီး#ကျန်ရစ်သူသားသမီးများ#အကူညီလိုအပ်#whatshappeninginmindat





Leave a Reply