The Mindat Post
အောက်တိုဘာ ၁၄၊ ၂၀၂၂၊ မင်းတပ်
မင်းတပ်မြို့နယ်အတွင်းက ကလေးသူငယ်တွေအတွက် အရေးပေါ် သန်ချဆေးအလှူလိုအပ်နေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်မှာရှိတဲ့ ကျောင်းနေရွယ်နဲ့ အသက် ၅နှစ်အောက်ကလေးတွေအတွက် အဓိကလိုအပ်နေတာဖြစ်တယ်လို့ ကျောင်းကျန်းမာရေးပညာပေးအစီအစဥ် ကွင်းဆင်းလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ကျောင်းနေအရွယ်ကလေးတွေနဲ့ နောက် အသက် ၅နှစ်အောက်ကလေးတွေအတွက် သန်ချဆေးတွေအရေးပေါ် လိုနေပါတယ်။ ဆေးလုံးက အလုံး တထောင်လောက်မှ အဆင်ပြေပါမယ်” လို့ သူက The Mindat Post ကိုပြောပါတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ အင်တာနက်လိုင်းဖြတ်တောက်ခံရဆဲဖြစ်ပြီး ဆက်သွယ်ရေးအခက်ခဲတွေရှိနေတာကြောင့် အလှူငွေလက်ခံရရှိမှုမှာလည်း အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ပုံစာ – ယခုနှစ် အောက်တိုဘာလဆန်းပိုင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်စဥ်။ (ဓါတ်ပုံ-ပေးပို့)
#themindatpost#ကလေးသူငယ်#ကျောင်းကျန်းမာရေး#မင်းတပ်မြို့နယ်#သန်ချဆေး#အလှူရှင်

Leave a Reply