The Mindat Post

Democracy and Justice Must Prevail!

” ကန်ပက်လက်မြို့တွင်းပစ်ခတ်မှုတွင် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် နှစ်ဦးထပ်မံသေ၊ ၂ရက်အတွင်း သေဆုံးသူ စစ်ကောင်စီတပ် ၆ဦးရှိလာ “

~~~~~~

The Mindat Post

၂၀၂၂၊ အောက်တိုဘာ ၂၁၊ ကန်ပက်လက်

ကန်ပက်လက်မြို့တွင်းပစ်ခတ်မှုမှာ စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် နှစ်ဦးထပ်မံသေတယ်လို့ CDF ကန်ပက်လက်က ဒီကနေ့ ညနေပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။

ဒီကနေ့ မြို့တွင်းပစ်ခတ်မှုက ကန်ပက်လက်မြို့ ကျေးလက်ရုံးအနီးနဲ့ မြို့မရဲစခန်းအောက်တို့မှာ မနက် ၉ နာရီကနေ ၁၂ နာရီကျော်အထိ ၃နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။

ဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနဲ့ အခြားတပ်သားအဆင့်ရှိသူနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းလက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်နေတာကြောင့် ယခုရက်ပိုင်းအတွင်း ပြည်သူအားလုံး စစ်ရေးသတိရှိကြရန်နဲ့ ပုန်းခိုကျင်းတွေ အသင့်တူးထားကြရန်လည်း CDF ကန်ပက်လက်က ထပ်မံသတိပေးနှိုးဆော်ပါတယ်။

အောက်တိုဘာ ၂၀ ရက် (မနေ့က) ကန်ပက်လက်မြို့တွင်း ပစ်ခတ်မှုမှာတော့ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့ပြီး နှစ်ရက်အတွင်းမှာ စစ်ကောင်စီရဲ့ ဗိုလ်ကြီးတစ်ဦးအပါဝင် သေဆုံးသူစုစုပေါင်း ၆ဦးအထိရှိလာတယ်လို့ CDF ကန်ပက်လက်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

#themindatpost#cdfkanpetlet

#ဗိုလ်ကြီးတစ်ဦးသေ#မြို့တွင်းပစ်ခတ်မှု

#စစ်ကောင်စီတပ်#ဗုံးခိုကျင်း#အသိပေးကြေညာ

ပုံစာ – CDF ကန်ပက်လက်ရဲဘော်တစ်ဦးအား မြင်တွေ့ရစဥ်။ (ဓာတ်ပုံ-CDF KPL)

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading