The Mindat Post
အောက်တိုဘာ ၂၇၊ ၂၀၂၂ (အိုင်ဇောလ်)
မြန်မာနိုင်ငံသား ၄ဦးကို အိန္ဒိယ မြန်မာနယ်စပ် အနီး မှာ ဖမ်းဆီးထားကြောင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ အခြေစိုက် အာသံရိုင်ဖယ်က (စစ်တပ်) က အောက်တိုဘာ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား လေးဦးကို အောက်တိုဘာလ ၂၆ ရက်နေ့ မှာ မီဇိုရမ်ပြည်နယ် ဆိုင်ဟား ခရိုင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း စစ်ဆင်ရေးတစ်ခုမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မီဇိုရမ် ပြည်နယ်၊ ဆိုင်ဟားခရိုင် နီရောတလန် ကျေးရွာ (အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိကျေးရွာ) မှာ တရုတ်ထုတ် KENBO 125 ဆိုင်ကယ် ၄ စီးနဲ့အတူ အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးရမှာ အာသံရိုင်ဖယ် ကင်းလှည့်တပ်ဖွဲ့ နဲ့ ခရိုင်ရဲတပ်ဖွဲ့တို့ဟာ နယ်စပ်အနီး ဆိုင်ကယ် ၄ စီးနဲ့ လူ ၄ ဦးရဲ့ လှုပ်ရှားမှုသတင်းကို အတိအကျရရှိပြီး သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ Mizoram News သတင်းဌာနက ရေးသား ဖော်ပြပါတယ်။
အလားတူ ဖြစ်စဉ်အတိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အနီးဝန်းကျင်တွေမှာ လှုပ်ရှားသွားလာတဲ့ မြန်မာနိုင်ငံသားတွေကို အာသံရိုင်ဖယ် နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တွေက မကြာခဏ ဖမ်းဆီးထိန်းသိမ်းလျက် ရှိနေပါတယ်။
#themindatpost#myanmarnationalsapprehened#indiamyanmarboarder#siahadistrict#Myanmarcoup
ဓါတ်ပုံ – The Assam Rifles – Sentinels Of the North East facebook page

ပုံစာ – ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့်အတူ ဖမ်းဆီးရမိသည့်ပစ္စည်းများကို တွေ့ရစဉ်။




Leave a Reply