~~~~~
The Mindat Post
နိုဝင်ဘာ ၂၊ ၂၀၂၂
အောက်တိုဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံသား (၄) ဦးကို အာသံရိုင်ဖယ်က အိန္ဒိယ-မြန်မာ နယ်စပ် (မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ) ဆိုင်ဟားခရိုင်၊ တွီပန်းကျေးရွာအနီးမှာ ဖမ်းဆီးတယ်လို့ အာသံရိုင်ဖယ်-လုံးလေတပ်ရင်း (အိန္ဒိယ စစ်တပ်က) ဒီနေ့ နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အာသံရိုင်ဖယ်နဲ့ ဆိုင်ဟားခရိုင်ရဲတပ်ဖွဲ့တို့ရဲ့ နိုင်ငံတော်ပုန်ကုန်မှု ပပျောက်ရေးလှုပ်ရှားမှု (ပူးပေါင်း စစ်ဆင်ရေး) မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းအများအပြားနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သတင်းထုတ်ပြန်ချက်ကို အာသံရိုင်ဖယ်က ၎င်းတို့ရဲ့ Twitter နဲ့ Facebook စာမျက်နှာ တွေမှာ ဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားတာဖြစ်ပြီး လူမှုကွန်ရက်ထုတ်ပြန်ချက်တွေမှာတော့ အိန္ဒိယ ဗဟိုပြည်ထဲရေးဝန်ကြီးဌာနနဲ့ အိန္ဒိယ စစ်တပ်ရဲ့ ပြန်ကြားရေးဌာန အထွေထွေညွှန်ကြားရေးမှူးရုံးတို့ကိုလည်း ရေးသားဖော်ပြ (Mention) ထားတာ တွေ့ရပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာလည်း မြန်မာနိုင်ငံသား ၄ ဦးကို အာသံရိုင်ဖယ်နဲ့ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့တွေက စစ်ဘက်သုံး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။
ဓါတ်ပုံ -The Assam Rifles- Sentinels Of The Northeast Facebook Page
ပုံ/စာ – အိန္ဒိယ-မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၄ ဦးနှင့် ဆက်စပ်ပစ္စည်းများ၊ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များနှင့် မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦး။
#themindatpost#ChinNews#whatshappeningnowinmyanmar#မြန်မာနိုင်ငံသား၄ဦးထပ်မံဖမ်းဆီး#indiamyanmarboarder





Leave a Reply