~~~~~~
The Mindat Post
နိုဝင်ဘာ ၈၊ ၂၀၂၂၊ မင်းတပ်
မကွေးတိုင်း၊ ထီးလင်းနယ်ကနေ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁) ဘက်ကို စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက ပြီး စစ်ကြောင်းထိုး လာ နေတယ်လို့ သတင်းရရှိပါတယ်။
မင်းတပ်မြို့နယ် ပလုံတွီကျေးရွာ (Ng’plungtui Pigaw) ထဲကို ဒီကနေ့ မနက်အစောပိုင်း တောလမ်းကနေ ဝင်ရောက်လာပြီးတဲ့နောက် ကျေးရွာထဲ တပ်စွဲထားတယ်လို့ မြေပြင်သတင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မင်းတပ်မြို့နယ်ထဲမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပစ်ခတ်ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေကပြောပေမယ့် စစ်ကောင်စီတပ်နဲ့ CDF မင်းတပ် ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုရှိ၊ မရှိကိုတော့ The Mindat Post အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ကုန်ပိုင်း မှာလည်း စစ်ကောင်စီ စစ်ကြောင်းဟာ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာထဲမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာလူထုရဲ့ နေအိမ်တွေ ၊ အိမ်သုံးပစ္စည်းတွေ နဲ့ ကျေးရွာသုံး သောက်ရေကန်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
မင်းတပ်မြို့နယ် ပလုံတွီ ကျေးရွာဟာ ချင်းပြည်နယ်နဲ့ မကွေးနယ်စပ်မှှာ အနီးမှာ တည်ရှိပြီး စစ်ကောင်စီ စစ်ကြောင်း မကြာခဏ ဝင်ရောက်လေ့ရှိပါတယ်။
ပုံစာ – စစ်ကောင်စီတပ်စွဲထားသည့် ခန့်မှန်းနေရာအား မြင်တွေ့ရစဥ်။ (ဓာတ်ပုံ-Google Map)
#themindatpost#မင်းတပ်မြို့နယ်
#စစ်ကောင်စီ#cdfmindat#ပလုံတွီကျေးရွာ





Leave a Reply