~~~~~~~
The Mindat Post
ဒီဇင်ဘာ ၁၇ ၊ ၂၀၂၂
ပလက်ဝ-မတူပီ နယ်စပ်ရှိ စစ်ကောင်စီ ဂိတ်စခန်းတစ်ခိုကို CDF ပလက်ဝက ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၊ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ် လို့ CDF ပလက်ဝက ဒီဇင်ဘာ ၁၇ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ နံနက် (၇)နာရီအချိန်မှာ ပလက်ဝ-မတူပီ နယ်စပ်တွင်မှာရှိတဲ့ စစ်ကောင်စီစခန်းချထားတဲ့ ဘွေလီဂိတ်စခန်း ကို CDF ပလက်ဝ က စတင်ဝင်ရောက် ပစ်ခတ်ခဲ့ရာ (၁၅)မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ယင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက် မ(၂) ဦးသေဆုံး၊ (၅)ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိပြီး CDF ပလက်ဝ ဘက်မှာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ် ။
စစ်ကောင်စီ ဘက်က လက်နက်ကြီးများ ပြန်လည် ပစ်ခတ်ခဲ့လို့ ဘွေလီဂိတ်စခန်း အနီးမှာရှိတဲ့ ဘွေလီကျေးရွာ နှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူများတွေဟာ ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ CDF ပက်လက်ဝ က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ CDF ပလက်ဝ တပ်ဖွဲ့ဝင် တစ်ဦး ရှေ့တန်းတိုက်ပွဲ တစ်ခုမှာ ကျဆုံးခဲ့တယ်လို့ သိရပြီး တစ်ဆက်တည်းမှာ ပဲ CDF ပလက်ဝ အနေနဲ့ Project Kimo လို့ခေါ်တဲ့ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ခု ပြုလုပ်နေပြီး သတ်မှတ်ကာလ အတွင်း အလှူငွေ (၂၇)ရာခိုင်းနှုန်းသာ ရရှိသေးတာကြောင့် Campaign ကာလ နောက်ထပ် တစ်လ ဆက်လက်တိုးမြှင့် လိုက်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Chinland Defense Force – Paletwa
#themindatpost#whatshappeninginmindat#စစ်ကောင်စီဂိတ်စခန်းတစ်ခိုကိုCDFပလက်ဝက ဝင်ရောက်တိုက်ခိုက် #ChinlandDefenseForce_Paletwa#chinstate#CDF_Paletwa#တိုက်ပွဲသတင်း

ဓါတ်ပုံအညွှန်း – Chinland Defense Force – Paletwa တပ်ဖွဲ့ဝင်များကို ရှေ့တန်း တစ်နေရာတွင် တွေ့ရစဥ်




Leave a Reply