The Mindat Post

Democracy and Justice Must Prevail!

#Mindat | ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး CDF မင်းတပ်ထံ လက်နက်နဲ့ အလင်းဝင်လာ

~~~~

The Mindat Post

ဒီဇင်ဘာ ၁၇၊ ၂၀၂၂၊ မင်းတပ်

မင်းတပ်မြို့၊ နယ်မြေခံတပ်ရင်း ခလရ ၂၇၄ ကနေ စစ်ကောင်စီတပ်သား မျိုးသက်ပိုင်ဟာ ဒီဇင်ဘာလ ၁၆ရက်နေ့က လက်နက်၊ ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ CDF မင်းတပ်က ဒီကနေ့ တရားဝင် သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သားက MA 1 အမျိုးအစားသေနတ် ၁လက်၊ ကျည်အိမ် ၄ခု၊ ကျည်တောင့် ၆၅တောင့်နဲ့ ကျည်ကာ အင်္ကျီ ၁စုံတို့ကို သူနဲ့အတူယူလာတာလို့ CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူက The Mindat Post ကို ပြောပါတယ်။

“မနေ့က ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာ၊ ဘယ်လိုပုံစံနဲ့ လာတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောလို့မရဘူးပေါ့။ နောက်ထပ်လာမယ့် သူတွေလည်း ရှိတော့လေ၊ အဲဒါကြောင့်ပါ” လို့ ပြောပါတယ်။

CDF မင်းတပ်ဆီ အလင်းဝင်လာတဲ့ တပ်သား မျိုးသက်ပိုင်ကို လက်နက်နဲ့ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေးအပ်တဲ့ ဆုကြေးငွေအတိုင်း ပေးအပ်သွားမှာလို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ယုတ်မာမှု၊ တပ်တွင်း ဖိနှိပ်ခံရမှုတွေနဲ့ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်လာတဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို မေးမြန်းပြီး ဖော်ပြပေးသွားမယ်လို့လည်း CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ အညွှန်း – လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို CDF မင်းတပ်က လက်ခံစဥ်။

#themindatpost#စစ်ကောင်စီတပ်သား

#၂၇၄တပ်ရင်း#လက်နက်နဲ့အလင်းဝင်

#မင်းတပ်မြို့နယ်#cdfmindat

Photo: Chin Defence Force (Mindat)

ဓါတ်ပုံ အညွှန်း – မင်းတပ်နယ်‌မြေခံတပ်ရင်းမှ CDF မင်းတပ်ထံသို့ အလင်းဝင်‌ရောက်လာသော စစ်ကောင်စီတပ်သား တစ်ဦးက လက်နက် အပ်နှံနေစဉ်

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading