The Mindat Post

Democracy and Justice Must Prevail!

CDM ဝန်ထမ်း ၄၀,၀၀၀ နီးပါးကို ထောက်ပံ့ထားနိုင်တယ်လို့ NUG ပြော

The Mindat Post

ဇန်နဝါရီ ၂၉၊ ၂၀၂၃

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်လာတဲ့ နိုင်ငံ့ဝန်ထမ်း လေးသောင်းနီးပါးကို ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာကျပ်ငွေ သိန်းပေါင်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထားပြီးဖြစ်တယ်လို့ NUG ထံမှ သိရပါတယ်။

အရေးပေါ်ကိစ္စရပ်တွေရှိတာ၊ နေထိုင်ရေး အရေးပေါ်ရှိတာ၊ မီးဖွားတာစတာတွေအပေါ်မူတည်ပြီး ဝန်ကြီးဌာနအလိုက် ထောက်ပံ့တာလို့ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။

“ရှိသမျှ CDM တွေ အကုန်လုံးကိုတော့ လုံလုံလောက်လောက် ထောက်ပံ့နိုင်ခြင်းမရှိပါဘူး” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံ့ဝန်ထမ်းယန္တရားအသီးသီးက ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပြီး CDM မှာပါဝင်လာတဲ့ နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁၈၅,၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

“ဌာနအများစုက ဝန်ထမ်းတွေကတော့ CDM လုပ်ကြတယ်။ CDM မလုပ်တဲ့ ဌာနရယ်လို့ မရှိသလောက်ပါပဲ” လို့ ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံရုံးတွေမှာ ရုံးမတက်ဘဲ ရုံးထွက်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း CDM တွေဟာ လက်ရှိအချိန်ကာလ နှစ်နှစ်နီးပါးအကြာမှာ ငွေရေးကြေးရေး အခက်အခဲနဲ့ လုံခြုံရေးပြဿနာတွေကို အဓိကရင်ဆိုင်နေကြရပါတယ်။

Ref: Mizzima News in Burmese

#themindatpost#CDM

#NationalUnityGovernment

#rejectmilitarycoupmyanmar

#CivilDisobedienceMovement

ဓာတ်ပုံ အညွှန်း – ၂၀၂၁ ဖေဖော်ဝါရီလအတွင်းက မင်းတပ်မြို့ပေါ် CDM ဝန်ထမ်းများ ဆန္ဒဖော်ထုတ်နေသည့်မြင်ကွင်း။ (Photo: Thang Om)

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading