The Mindat Post

Democracy and Justice Must Prevail!

CDF ပလက်ဝ နယ်မြေမှာ ဇန်နဝါရီလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးသေ

~~~~ The Mindat Post

ဖေဖော်ဝါရီ ၄ ၊ ၂၀၂၃၊

ပလက်ဝ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်း CDF ပလက်ဝ တပ်ရင်း (၂) နယ်မြေမှာ CDF ပလက်ဝ၊ (CJDC -Special Force၊ CDF Paletwa ၊ CNA) စတဲ့ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား (၁၆) ဦးသေဆုံးသလို အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF ပလက်ဝက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၁) ဦး အသက်ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က MA-1 (၁) လက် သိမ်းဆည်းရမိပြီး ရဲဘော် (၂) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးနယ်မြေများတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တာကြောင့် ပြည်သူတွေသတိရှိရှိ သွားလာ လှုပ်ရှားဖို့လည်း CDF ပလက်ဝက အသိပေးထုတ်ပြန်ထားပါတယ်။

CDF ပလက်ဝ နယ်မြေမှာ ဇန်နဝါရီလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးသေ

ဓါတ်ပုံ – CDF-Paletwa

ဓါတ်ပုံ အညွှန်း – CDF-ပလက်ဝ တပ်ဖွဲ့ဝင်များအား ရှေ့တန်း တစ်နေရာတွင် တွေ့မြင်ရစဉ် နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက် #themindatpost #cdfpaletwa #RejectMilitaryCoup #Chinstate #WhatHappeningNowInChinState

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading