The Mindat Post

Democracy and Justice Must Prevail!

■ မင်းတပ်နယ်အတွင်း မြေပြိုမှုနဲ့ လမ်းပျက်စီးမှုများအား (မြို့နယ် ပအဖ) က ပြုပြင်ပြီးစီး

The Mindat Post

၁၃ သြဂုတ်၊ ၂၀၂၃၊ မင်းတပ်

မင်းတပ်မြို့နယ်အတွင်း သြဂုတ်လအစောပိုင်းကနေ မိုးများပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် ဖြစ်ပွားတဲ့ မြေပြိုပြီး လမ်းပျက်စီးတာတွေကို ၁ ပတ်အတွင်း ပြန်လည်ပြုပြင်ပြီးစီးခဲ့တယ်လို့ (မြို့နယ် ပအဖ) က ဒီနေ့ အသိပေးလာပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်မှာ ရာသီဥတုဆိုးရွားပြီး ရေကြီး၊ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတာပါ။

မိုးများပြီး လေပြင်းတိုက်ခတ်တာကြောင့် မင်းတပ် – မတူပီမော်တော်ကားလမ်းပေါ်က မြေပြို၊ လမ်းပိတ်မှုတွေကို အချိန်နဲ့တပြေးညီ တုံ့ပြန်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်သူ့ အခွန်ဘဏ္ဍာငွေကို ဘဏ္ဍရေးဘုတ်အဖွဲ့ရဲ့ ဘဏ္ဍာရေးစည်းမျဥ်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီမံခန့်ခွဲနေတယ်လို့လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီ (မိုးဇလ) ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ချင်းပြည်နယ်မှာ လာမယ့်ရက်သတ္တပတ်အထိ နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းမယ့်အနေအထားမှာ ရှိနေပါတယ်။

========

ဓာတ်ပုံ အညွှန်း – မင်းတပ် – မတူပီနယ် မော်တော်ကားလမ်းပိုင်း မြေပြိုမှုနှင့် ပြန်လည်ပြုပြင်မှုအား ၂၀၂၃ သြဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo: MTPA/The Mindat Post)  

#themindatpost #mindattownship #weathernews

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading