The Mindat Post

Democracy and Justice Must Prevail!

■ ပြည်သူလူထုတရပ်လုံး လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်ဖို့ အတူရှိမယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကြေညာ

—–

The Mindat Post

ဩဂုတ် ၁၂၊ ၂၀၂၄

အဖိနှိပ်ခံ မြန်မာပြည်သူလူထုတရပ်လုံး လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက် အကောင်အထည် ပေါ်လာစေရေး တသွေးတည်း၊ တသားတည်း အတူရှိနေတယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ (MNDAA+AA+TNLA) က ဒီကနေ့ ကြေညာပါတယ်။

၁၀၂၇ စစ်ဆင်ရေး နဲ့အတူ ရရှိလာခဲ့တဲ့ အောင်မြင်မှု၊ မြို့သိ၊မ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာ ပေးပို့ကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ဂုဏ်ပြုစကားပါးကြတဲ့ လူပုဂ္ဂိုလ် အသီးသီးကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလိုဖော်ပြတာပါ။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျန်းမာရေးမိသားစု (MFM)၊ ကရင်နီတပ်ပေါင်းစု၊ KNPP, KNU, CNF, PNLO, PNFC, NMSP – AD နဲ့ Chin Brother Hood (ချင်းညီနောင်) တို့က ပေးပို့လာတဲ့ ဂုဏ်ပြုမှတ်တမ်းတင်စာလွှာကို ကောင်းကောင်းမွန်မွန် လက်ခံရရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက် စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇွန်လနှောင်းပိုင်းမှာ ဒုတိယလှိုင်းအဖြစ် ပြန်လည်အသက်ဝင်လာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ အပြီးသ၊တ် ချေမှုန်းထားပါတယ်။

——

#TheMindatPost#3_BrotherhoodAlliance

———

The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – www.mindatpost.com

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading