
The Mindat Post
အောက်တိုဘာ ၁၆၊ ၂၀၂၄
မလေးရှားနိုင်ငံ၊ ကလန်တန် (KELANTAN) ပြည်နယ်၊ ဂျလီ (JELI) ခရိုင်ထဲက တောတွင်း တနေရာမှာ ချင်းတိုင်းရင်းသားတဦး ကျားဆွဲခံလိုက်ရတယ်လို့ နီးစပ်သူတွေက The Mindat Post ကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၆ ရက်၊ မလေးရှားစံတော်ချိန်ည ၈း၁၅ နာရီဝန်းကျင်မှာ အဆွဲခံလိုက်ရတာပါ။ အခုလို ကျားဆွဲခံရသူဟာ မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက “ဟုန်းရှိန်းဖေ” လို့ သိရပြီး အသက် ၂၈ ဝန်းကျင်ရှိတယ်လို့ ကနဦး သိရပါတယ်။
“ကျားဆွဲသွားတာ ဟုတ်တယ်၊ ကျားအကောင် တော်တော်ကြီးတယ်၊ ဒီည ၈း၁၅ ဝန်းကျင်မှာ ဆွဲသွားတာ သူ့ကို ပြန်ရှာလို့ မရသေးဘူး။” လို့ ကျားဆွဲခံရသူနဲ့ နီးစပ်တဲ့မိတ်ဆွေက The Mindat Post ကို ပြောပါတယ်။ ဆွေမျိုးနီးစပ်သူတွေရှိရင် အမြန်ဆုံးအကြောင်းကြားပေးကြပါလို့လည်း သူက ဆက်ပြောပါတယ်။
ဆွေမျိုးတော်စပ်သူ လူပုဂ္ဂိုလ်၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဖုန်းနံပါတ် (01115833095) – ဆလိုင်းနိုင်းလိန်းထံ ဆက်သွယ်ပြီး မေးမြန်းလို့ ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်အသေးစိပ်နဲ့ပတ်သက်ပြီး The Mindat Post အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။
——–
ပုံစာ – ကလန်တန်ပြည်နယ်၊ ဂျလီခရိုင်ရှိ ရပ်ကွက်တခုအား တွေ့ရစဉ်။
■ The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း တစုတစည်းတည်း ဝင်ရောက် ဖတ်ရှုနိုင်ပါပြီ။
——–
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
Website – www.mindatpost.com




Leave a Reply