The Mindat Post
ဩဂုတ် ၁၁၊ ၂၀၂၄
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ‘နွေဦးဇာတ်ခုံ’ လို့ ခေါင်းစဉ်ပေးထားတဲ့ တော်လှန်၊ရေး ရုပ်ရှင် ဇာတ်လမ်းတိုကို မကြာခင် အွန်လိုင်းကတဆင့် ပြသတော့မယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ကြည့်ခွင့် လက်မှတ်တွေ ကို နိုင်ငံတကာမှာ စတင်ဖြန့်ချိ ရောင်းချပေးတော့မှာဖြစ်ပြီး အသေးစိပ် အချက်အလက်တွေကို ပြန်လည်ဖော်ပြပေးသွားမယ်လို့ ကြေညာထားပါတယ်။
မြေပြင်က ရဲဘော် ရဲမေများနှင့် CDM ဝန်ထမ်းများကိုယ်တိုင် သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Chin Gyi က ရိုက်ကူးထားတာလို့ ဆိုပါတယ် ။
နွေဦးဇာတ်ခုံ ရုပ်ရှင်အတွက် Project Target ကတော့ ကျပ်သိန်း ၁,၂၀၀ မျှော်မှန်းထားပြီး အားဖြည့် ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
——
The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – https://mindatpost.com/





Leave a Reply