The Mindat Post

Democracy and Justice Must Prevail!

■ KIA မှာ တာဝန်ထမ်းဆောင်နေတဲ့ CDF မင်းတပ်ရဲ၊ဘော်တဦး ကွယ်လွန်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်နေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်တဦး နာမကျန်းဖြစ်ပြီး ကွ၊ယ်လွန်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ညမှာ ကွယ်လွန်တာလို့ သူတို့တပ်စိတ်မှူးက The Mindat Post ကို ပြောပါတယ်။

“ရုတ်တရက် အမောဆို့လာလို့ ဆေးခန်းခေါ်သွားပေမယ့် အချိန်မမီလိုက်ဘူး။ သူ့မိဘတွေကလည်း ဒီမှာရှိတော့ ကောင်းကောင်းသ၊င်္ဂြိုဟ်ပေးပါတယ်။” လို့ ဆိုပါတယ်။

ကွယ်လွန်သူဟာ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ ဘက်က အသက် ၂၇ နှစ်အရွယ် ဆလိုင်းဒေးဗစ်ကီးဖြစ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ရင်း ၄ တပ်ခွဲ ၁ ကလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နှောင်းပိုင်းကလည်း ကချင်ပြည်မှာ တာဝန်ထမ်းဆောင်နေတဲ့ မင်းတပ်မြို့နယ် ဇာတိ အမျိုးသမီးရဲဘော်တဦး ငှက်ဖျားရောဂါကြောင့် ဆုံးပါးခဲ့ပါတယ်။
—–

ပုံစာ – ကချင်ပြည်တွင် ကွယ်လွန်သော ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်။ [ပေးပို့]

The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – www.mindatpost.wordpress.com

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading