The Mindat Post
၁၆ ဩဂုတ်၊ ၂၀၂၄
ဒီကနေ့ညနေ ဂျပန်နိုင်ငံက TTF CHALLENGE 10 ပြိုင်ပွဲမှာ သွားရောက်ထိုးသ၊တ်ခဲ့တဲ့ ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန်ဟာ နိုင်ပွဲ ရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်းတွေအရ ဂျပန်ပြိုင်ဘက်ဖိုက်တာကို ၃ ချီလုံး အသာစီးကစားပြီး အနိုင်ရတာလို့ MYANMAR SPORTS က ဖော်ပြပါတယ်။
တီရယ်ထန်ဟာ ONE Championship နဲ့ လမ်းခွဲလိုက်ရပြီးတဲ့နောက် အခုပထမဆုံးအကြိမ် အနိုင်ပြန်ရတာလည်း ဖြစ်ပါတယ်။
ဒီတခေါက်မှာ တီရယ်ထန်ကို ဗီယက်နမ် ဖိုက်တာကြီး မာတင်ငုယင်က ကြီးကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။
——
The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – https://mindatpost.wordpress.com






Leave a Reply