The Mindat Post
၁၆ ဩဂုတ်၊ ၂၀၂၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်ရှိ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းကို ဩဂုတ်လ (၁၅) ရက်နေ့ တိုက်ခို၊က်သိမ်းပိုက်ခဲ့ကြောင်း MoD NUG က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နဲ့ ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တို၊က်ခိုက် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်၊ တို၊က်ပွဲအတွင်း ကပစ – ၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဒု-ရဲအုပ် ကိုကိုအောင်အပါအဝင် စစ်ကောင်စီတပ်သား (၁၂) ဦး သေ၊ဆုံးပြီး ဒု – အရာခံဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် (၁၂) ဦးကို အရှ၊င် ဖမ်းဆီးရမိထားပါတယ်။
လက်န၊က်မျိုးစုံ (၃၀) လက်၊ ကျ၊ည်မျိုးစုံ (၂၆၀၀) ကျော်၊ မို၊င်း (၇) လုံး၊ ဗုံး၊သီး (၆) လုံးနဲ့ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် (၁) ဦး တို၊က်ပွဲကျတယ်လို့လည်း MoD NUG က ထုတ်ပြန်ပါတယ်။
—–
#TheMindatPost#Gangaw#PDF#MOGE
The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – https://mindatpost.wordpress.com


ပုံစာ – ကျောတိုက်နယ်ရှိ MOGE ရေနံမှော်ကင်းစခန်းမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်များ။ [MoD NUG/ABSDF]




Leave a Reply