The Mindat Post
၁၇ ဩဂုတ်၊ ၂၀၂၄
Crisis Management Initiative (CMI) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ကနဦး တွေ့ဆုံပြီးမှသာ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တို့အကြား တို၊က်ရိုက်တွေ့ဆုံမှု ရှိလာမယ်လို့ သိရပါတယ်။
ချင်းပြည်ရှိ တော်လှန်ရေးအဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံးဖြေရှင်းဖို့ CMI က ဦးဆောင်တဲ့ တွေ့ဆုံညှိနှိုင်းမှုကို အခုလာမယ့်ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပဖို့ ရှိနေတာပါ။
“ဒီလထဲ ICNCC ကိုယ်စားလှယ်အနေနဲ့ပဲ CMI ကို သီးသန့် တွေ့ဖို့ပါ။ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ဘယ်လိုအဖြေရှာကြမလဲဆိုတာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းကြမယ်။” လို့ ချင်းညီနောင် ပြောခွင့်ရ ဆလိုင်းယောမာန်က The Mindat Post ကို ပြောပါတယ်။
Crisis Management Initiative (CMI) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား တွေ့ဆုံညှိနှိုင်းပြီးနောက်ပိုင်းမှသာ ချင်းလဲန်းကောင်စီနဲ့ ICNCC သော်လည်းကောင်း ချင်းညီနောင်နဲ့သော်လည်းကောင်း တို၊က်ရိုက် တွေ့ဆုံမှုမျိုးရှိလာမယ်လို့ ချင်းညီနောင် ပြောခွင့်ရက ဆိုပါတယ်။
ချင်းတော်လှန်ရေးအဖွဲ့နှစ်ခု ဘယ်ချိန်မှာ တရားဝင်တွေ့ဆုံညှိနှိုင်းမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ချင်းပြည်အရေးကို ကြားဝင်ညှိနှိုင်းပေးမယ့် Crisis Management Initiative (CMI) ဟာ ဖ၊င်လန်နိုင်ငံ အခြေစိုက် (NGO) အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၀၀ ခုနှစ် ဩဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
——-
#TheMindatPost#ChinlandCouncil#ChinBrotherHood


ပုံစာ – ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်နှင့် ချင်းညီနောင် ပူးပေါင်းတပ်တို့အား တွေ့ရစဉ်။ [ChinBrotherHood/CIC]
The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – https://mindatpost.wordpress.com




Leave a Reply