The Mindat Post

Democracy and Justice Must Prevail!

■ မင်းတပ်မှာ စစ်ကောင်စီက ရိက္ခာဖြည့်

The Mindat Post

၂၈ ဩဂုတ်၊ ၂၀၂၄

မင်းတပ်မြို့ပေါ် ခလရ ၂၇၄ တပ်ရင်းမှာ စစ်ကောင်စီက ရိက္ခာခဲယ၊မ်းလို့ ယူဆရတဲ့အထုပ်တွေကို လေကြောင်းက တဆင့်ချပေးနေပါတယ်။

ဒီနေ့ (ဩဂုတ် ၂၈) ရက်နေ့ အစောပိုင်း Y12 လေယာဉ်ကနေ လေထီးကတဆင့် ချပေးနေတာပါ။

ကုန်းကြောင်းကနေ ရိက္ခာဖြည့်တင်းဖို့ အခက်တွေ့နေတဲ့ စစ်ကောင်စီက ခုနောက်ပိုင်း လေကြောင်းကဆင့် ချပေးတာမျိုးကို ပိုလုပ်လာတာ ဖြစ်ပါတယ်။

လေကြောင်းကတဆင့်ချတဲ့ စစ်ကောင်စီ ခဲ၊ယမ်းထုပ်အများစုဟာ ခလရ ၂၇၄ နဲ့ ကပ်လျက်တည်ရှိတဲ့ တောင်ပုလုဘုန်းကြီးကျောင်းဝန်းထဲ ကျသွားတာ ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေမှာ တွေ့ရပါတယ်။

တဖက်မှာ မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတို၊က်ခိုက်မှု၊ လက်န၊က်ကြီးပစ်ခတ်မှု ပိုများလာတာကြောင့် အချိန်မရွေး နှစ်ဖ၊က်တို၊က်ပွဲ ဖြစ်ပွားနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က အခုဩဂုတ်လထဲ ကြေညာပါတယ်။

The Mindat Post က ပြုစုထားတဲ့ စာရင်းအရ ဩဂုတ်လအတွင်း မင်းတပ်မြို့နယ်ထဲ လေကြောင်း၊ လ၊က်နက်ကြီးတို၊က်ခိုက်ခံရမှု အကြိမ် ၃၀ ထက်မနည်းရှိပြီး လူ ၃ ဦးအသက်ဆုံးရှုံးခဲ့ပါတယ်။

———

ပုံစာ – ၂၀၁၉ က ခလရ ၂၇၄ အတွင်း တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရိက္ခာထုပ် ချပေးစဉ်။

#TheMindatPost#ခလရ၂၇၄#CDFMindat

The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

———————————

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – www.mindatpost.com

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading