The Mindat Post

Democracy and Justice Must Prevail!

■ CEAU ညီလာခံ Kentucky ပြည်နယ် Bowling Green မြို့တွင်ကျင်းပ မည်

~~~~

The Mindat Post

ဩဂုတ် ၃၀ ၊ ၂၀၂၁

K’Cho Ethnic Association, USA (CEAU) ညီလာခံကို ဩဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာ ၁ ရက်နေ့တွေမှာ Kentucky ပြည်နယ် Bowling Green မြို့မှာ စည်ကားသိုက်မြိုက်စွာ ပြန်လည် ကျင်းပသွားမယ်လို့ သိရပါတယ်။

ညီလာခံကျင်းပအပြီးမှာ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ, ရိုးရာယဉ်ကျေးမှုနှင့် ဖက်ရှင်ရှိုး တွေလည်း ဆက်လက်ကျင်းပ သွားဖို့ ရှိတယ်လို့ CEAU ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်ရှိန်းဟာက The Mindat Post ကိုပြောပါတယ် ။

“ညီလာခံကို အဖွဲ့တည် ထောင်တဲ့ ၂၀၁၂ ကနေ ၂၀၁၉ အထိ နှစ်စဉ်ကျင်းပခဲ့တယ်။” လို့ ဆလိုင်းပေါလ်ရှိန်းဟာ ပြောပါတယ် ။ ၂၀၂၀ ကနေစပြီး ကိုဗစ်နဲ့ ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်တွေ ကြောင့် (၄) နှစ်ကြာ မကျင်းပဘဲ ရပ်နားထားရကနေ အခု ၂၀၂၄ ခုနှစ်မှာ ပမဆုံး အကြိမ် ပြန်လည်ကျင်းပ တာလို့ သိရပါတယ် ။

CEAU မှ ဆောင်ရွက်မှုများတွင် (1) USAရောက် K’Cho မျိုးနွယ်စုများ၏ သာရေး/နာရေးကိစ္စများ အတွက် ဆောင်ရွက်ခြင်း, မင်းတပ် ၊ ကန်ပက်လက် ရှိ ရပ်ရွာ ဒေတွင်းမှာ ချိုး (ချင်း) စာပြန်လည်သင်ကြားရေး ကိစ္စများ ဆောင်ရွက်ခြင်း, သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူများပံ့ပိုးကူညီခြင်း ၊ ချိုး (ချင်း) ရိုးရာ နှစ်သစ်ကူး ကျင်းပနိုင်ရန် ဦးဆောင်ခြင်း, တော်လှန်ရေးကာလတွင် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ် အတွက် ဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း စတာတွေ ကြိုးပမ်း လုပ်ဆောင်နေကြောင်း သိရပါတယ် ။

K’Cho Ethnic Association, USA (CEAU) – ချိုလူမျိုးစုအသင်း (ယူအက်စ်အေ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင်စတင်ဖွဲ့စည်းခဲ့ကြတာြဖစ်ပြီး လာမယ့် စက်တင်ဘာ ၂ ရက် နေ့မှာ အဖွဲ့တည် ထောင်ခြင်း (၁၂) နှစ် မြောက် ကျရောက် မည်ဖြစ်သည်။

Photo – CEAU (Supplied)

ဓါတ်ပုံ/စာ – CEAU ညီလာခံ တက်ရောက်နေသူများ ကို (၂၀၁၉) ခုနှစ်က တွေ့ရစဉ် နှင့် ၂၀၂၄ ယခုနှစ် ညီလာခံ အပြီး အားကစားပွဲများတွင် ချီးမြှင့်မည့် ဆုများ

#CEAU#themindatpost

■ The Mindat Post ၏ သတင်းကို ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဖတ်ရှုနိုင်ပါပြီ။

—————————–

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – www.mindatpost.com

+3

See insights and ads

Boost post

All reactions:

22

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading