——
The Mindat Post
၃၁ ဩဂုတ်၊ ၂၀၂၄
မင်းတပ်မြို့နယ်ထဲ ဒီနေ့ မနက် ၃ နာရီဝန်းကျင် လူအိပ်မောကျချိန်မှာ စစ်ကောင်စီလေတပ်က လေကြောင်းဗုံးကြဲတို၊က်ခိုက်မှု ထပ်လုပ်ခဲ့ပါတယ်။
အဆိုပါ ဗုံးကြဲတို၊က်ခိုက်ခံရမှုကြောင့် အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှု ရှိ၊ မရှိအတည်ပြုလို့ မရသေးပါဘူး။
အခုဩဂုတ်လအတွင်း စစ်ကောင်စီလေကြောင်း တို၊က်ခိုက်မှုဟာ သိသိသာသာတိုးလာနေပြီး တလအတွင်း အကြိမ် ၃၀ ကျော်ရှိနေပါတယ်။
The Mindat Post က ပြုစုထားတဲ့ စာရင်းအရ ဩဂုတ်လ ၇၊ ၉၊ ၁၉၊ ၂၀ နဲ့ ၂၆ ရက်နေ့တွေမှာ မင်းတပ်မြို့နယ်အတွင်း လေကြောင်း၊တို၊က်ခိုက်ခံရတာပါ။
ဩဂုတ်လ ၉၊ ၂၂ ရက်နေ့မှာလည်း ခလရ ၂၇၄ စစ်ကောင်စီတပ်ရင်းက ပစ်တဲ့ လ၊က်နက်ကြီးကျည်ကျကွဲလို့ အမျိုးသမီးတဦး အသက်ဆုံးရှုံးပြီး ကလေးငယ်တဦး လက်တဖ၊က်ပြတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့သလို မြို့ပေါ်ရှိ နေအိမ် ၆ လုံးဝန်းကျင်မီးလောင်ခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း မင်းတပ်မြို့ စံပြရပ်ကွက်မှာ စစ်ကောင်စီထောင်တဲ့ မြေမြုပ်မိုင်းပေါက်ကွဲလို့ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတဦး ခြေတဖက်ဆုံးရှုံးခဲ့ပါတယ်။





ပုံစာ – မင်းတပ်မြို့နယ် ဩဂုတ် ၃၁ (ယနေ့) အစောပိုင်း လေကြောင်းတို၊က်ခိုက်ခံရမှု။ [HKL – Mindat]
#TheMindatPost#Airstrike#MindatTownship
■ The Mindat Post ၏ သတင်းကို ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဖတ်ရှုနိုင်ပါပြီ။
——–
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – www.mindatpost.com




Leave a Reply