~~~~
The Mindat Post
စက်တင်ဘာ ၁၄ ၊ ၂၀၂၄
ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေအတွင်း မိုးအဆက် မပြတ်ရွာ သွန်းမှုကြောင့် မကွေးတိုင်း ကျောက်ထု မြို့နယ်ထဲက ယောချောင်းတံတား (ပန်းဆန်ဘက်ခြမ်း) ပြိုကျနေပြီး ကားတွေ သွားလာ၍ မရတော့ဘူးလို့ ယောအလင်းတန်း လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
“ကျောက်ထုမြို့ ဂုံဘို – ပန်းဆန် ဆက်သွယ်ထားတဲ့ ယောချောင်းတံတား (ပန်းဆန်ဘက်ခြမ်း)ဟာ ယောချောင်း ရေတိုက်စားမှု့ကြောင့် ပြိုကျနိမ့်ဆင်းနေတယ်လို့သိရပါတယ်ခင်ဗျာ။” လို့ အဆိုပါ လူမှုကွန်ရက် စာမျက်နှာဖော်ပြချက်မှာ ရေးသားထားတာပါ။
လက်ရှိအချိန်မှာ ချောင်းရေအနည်းငယ် ကျလာပြီ ဖြစ်ပေမယ့် အချိန်မရွေး
ပြိုကျ သွားနိုင်တာကြောင့် ကျောက်ထုမြို့နဲ့ အနီးတဝိုက် ဖြတ်သန်းသွားလာတဲ့ မိဘပြည်သူများအနေနဲ့ တံတား ပေါ်ကနေ ဖြတ်သန်း သွားလာမှုကို အထူးဂရုစိုက်ကြဖို့လည်း ယောအလင်းတန်း က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ တံတားပေါ်ကနေ ဆိုင်ကယ် ဖြတ်သန်းသွားလာလို့ ရနေသေးပြီး ကားကြီး ကားငယ် တွေ ဖြတ်သွားလို့ မရတော့ဘူးလို့ ဆိုပါတယ် ။
အဆိုပါ တံတားဟာ မိုးတွင်းမှာ အခုလို ပျက်စီးလေ့ရှိပြီး ဆောက်လုပ်လက်စ တံတား ရှိနေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြောင့် တံတားဆောက်လုပ်မှု ရပ်နားထားရတဲ့ အခြေအနေ ဖြစ်တယ်လို့ ကျောက်ထု ဒေသခံတွေ ထံက သိရပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးအဆက် မပြတ်ရွာသွန်းနေတာ ကြောင့် ချင်းပြည်နယ် ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်
စတာတွေမှာ ရေကြီး မြေပြိုတာတွေ ဖြစ်နေပြီး စစ်ကောင်စီ ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်လျက်ရှိနေပါတယ် ။




ဓါတ်ပုံ – ယောအလင်းတန်း
ဓါတ်ပုံ အညွှန်း – ကျောက်ထု/ဂုံဘို – ပန်းဆန် ယောချောင်းတံတား (ပန်းဆန်ဘက်ခြမ်း) ပြိုကျနေမှု မြင်ကွင်းများ
——–
#TheMindatPost#WhatsHappeningNowInMyanmar
■ The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း တစုတစည်းတည်း ဝင်ရောက် ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – www.mindatpost.com




Leave a Reply