The Mindat Post
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်းလေကြောင်းမှ နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေပါသည်။ဖေဖော်ဝါရီလ (၂၄)ရက် ယနေ့ နံနက်ပိုင်းတွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ ဖော်ပြချက်အရ ” ဒီကနေ့ နံနက်ပိုင်း (၁၁) နာရီဝန်းကျင်မှ မွန်းလွဲပိုင်း (၁၂:၄၀) ထိ လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် (၇)ရက် ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ တိုက်ပွဲအကြား အထိခိုက်အသေဆုံးများပြားတာကြောင့် အခုလို နေ့တိုင်း လေကြောင်းကနေတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF တပ်သား၊ အပြစ်မဲ့ပြည်သူများနဲ့ ကာကွယ်ရေးဆေးတပ်သားတချို့ပါ ထိခိုက်ဒါဏ်ရာရရှိနေကြပါတယ် ” ဟုရေးသားထားသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေ ကြောင့် ကရင်နီပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ
အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အကူညီများလိုအပ်လျက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်


#themindatpost#KNDF#militaryterrorisminkarenistate#whatshappeningnowinmyanmar





Leave a Reply