The Mindat Post

Democracy and Justice Must Prevail!

” NUG Pay မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုကို ဇွန်လမှာ စတင်အသုံးပြုနိုင်မည် “

The Mindat Post

မေ ၂၅၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay ငွေကြေးဝန်ဆောင်မှု အပ်ပလီကေးရှင်းကို Andriod ဖုန်းအမျိုးအစားများတွင် ဇွန်လမှ စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနထံမှမှ သိရသည်။

NUG အစိုးရ တစ်နှစ်ကျော်သက်တမ်းအတွင်း ပထမဆုံးထုတ်ပြန်တဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ အပလီကေးရှင်းကို ပြီးခဲ့သည့် နိုဝင်ဘာလတည်းက လူငယ်နည်းပညာရှင်တွေနဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

Andriod ဖုန်းအမျိုးအစားအပြင် IOS ‌ဗားရှင်းနဲ့ အသုံးပြုနိုင်အောင် စီစဉ်သွားမည်ဟု တဆက်တည်း ဖော်ပြထားသည်။ ၎င်း အပ်ပလီကေးရှင်းကို သုံးစွဲခွင့်ရချိန်မှစတင်၍ နွေဦးထီ၊ ငွေတိုက်စာချုပ် စသည့်ထောက်ပံ့ရေးအစီအစဉ်များကို NUG Pay မှ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း၊ NUG Pay သုံးစွဲသူအချင်းချင်းကြား ငွေလွှဲ၊ ကုန်စည်ဝယ်ယူ သုံးစွဲခြင်းတို့ကို ​​လွယ်လွယ်ကူကူ ပြုလုပ်နိုင်မည်ဟုဆိုသည်။

လက်ရှိတွင် မြန်မာငွေတစ်မျိုးတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားငွေလွှဲငွေထုတ် အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဆိုထားကြောင်း RFA Burmese က ဆိုသည်။

Source – RFA Burmese

#themindatpost#NUG#mobilebanking#nugpay

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading