The Mindat Post

Democracy and Justice Must Prevail!

■ မင်းတပ်မှာ အချိန်မရွေးတို၊က်ပွဲဖြစ်နိုင်၊ တို၊က်ပွဲသတင်း ဖြန့်ဝေတာမျိုးမလုပ်ဖို့ CDF မင်းတပ် အမိန့်ထုတ်

၂၁ ဩဂုတ်၊ ၂၀၂၄

မင်းတပ်မှာ စစ်ကောင်စီက လေကြောင်းတို၊က်ခိုက်မှု၊ ဒရုန်းတို၊က်ခိုက်မှု ရက်ဆက်လုပ်နေတာကြောင့် စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်အကြား အချိန်မရွေးတို၊က်ပွဲဖြစ်နိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ဒီနေ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

နှစ်ဖက် တို၊က်ပွဲဖြစ်လာခဲ့ရင် မိဘပြည်သူတွေအနေနဲ့ တို၊က်ပွဲသတင်း၊ ထိခိုက်ကျဆုံးမှု၊ တိကျခိုင်လုံမှုမရှိတဲ့ သတင်းတွေကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေတာမျိုး လုံးဝ (လုံးဝ) မလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

၂၀၂၄ ဩဂုတ်လအတွင်းမှာ ခလရ ၂၇၄ တပ်ရင်းကနေ လက်၊န၊က်ကြီးပစ်ခတ်တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတဦးသေ၊ဆုံးပြီး သမီးဖြစ်သူ အသက် ၆ နှစ်ဝန်းကျင်တဦး ပြင်းထန်ဒဏ်ရာရထားတဲ့အကြောင်း The Mindat Post က ခိုင်ခိုင်လုံလုံ သတင်းရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလေကြောင်းတို၊က်ခိုက်မှုနဲ့ ဒရုန်းတို၊က်ခိုက်မှုတွေကြောင့်လည်း မင်းတပ်မြို့နယ်ကျေးရွာတချို့မှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာပါ။

စစ်ကောင်စီလေကြောင်းတိုက်ခို၊က်မှု ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းသတိရှိကြဖို့လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က အခုရက်သတ္တပတ်အတွင်း ၂ ကြိမ်တိတိ ကြေညာထားပါတယ်။

မင်းတပ်မှာ အင်တာနက်၊ ဖုန်းလိုင်းအချိန်ပြည့် မရနိုင်တာကြောင့် ပြည်ပရောက် ပြည်သူတွေအနေနဲ့ နီးစပ်ရာပြည်တွင်းနေသူများထံ လေကြောင်းရန်နဲ့ ပတ်သက်ပြီး သတင်းဖြန့်ပေးကြဖို့ အရေးပေါ်လိုအပ်နေပါတယ်။

——

#TheMindatPost#Mindat#CDFMindat

The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – www.mindatpost.com

ပုံစာ – ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်များအား တွေ့ရစဉ်။ [The Mindat Post]

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading