The Mindat Post

Democracy and Justice Must Prevail!

” ကျောက်ထု-ပခုက္ကူ လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ​ကျောက်ထု PDF ​ထုတ်ပြန် “

The Mindat Post

မေ ၃၀ ၊ ၂၀၂၂

ကျောက်ထု-ပခုက္ကူ လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မေလ ၃၀ တွင် ​ကျောက်ထု PDF က ထုတ်ပြန်လိုက်သည်။

ကျောက်ထု-ပခုက္ကူ လမ်းပိုင်းအား (၁၂.၅.၂၀၂၂) ရက်နေ့မှ လမ်းအသုံးပြုမှု ပိတ်ထားခဲ့ရာ ( ၃၀.၅.၂၀၂၂) ရက်နေ့ မှစ၍ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းနှင့် လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး၏ ဘေးအစပ်များကိုကပ်၍ ယာဥ်များမောင်းနှင်ခြင်း၊ ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့ မည်သည့်အကြောင်းကိစ္စနှင့်မှ ဝင်ထွက်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် အသိပေးထားသည်။

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအား လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာ အပြည့်အဝတာဝန်ယူရန် ​ကျောက်ထု PDF က မေတ္တာရပ်ခံသည်။

ဓါတ်ပုံ – ​ကျောက်ထု PDF

#themindatpost#သတင်းနှင့်ပြန်ကြားရေး

#ကျောက်ထုPDF#whatshappeninginmyamar

Photo – ကျောက်ထု PDF

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading