The Mindat Post

Democracy and Justice Must Prevail!

” ပုလဲ-မင်းတိုင်ပင်-ကျော-ရေမျက်နီ -ခေါင်းတုံလမ်းဘေးရှိ ရွာများကို စစ်​ကောင်စီက ထပ်မံမီးရှို့ “


The Mindat Post
ဇွန် ၇ ၊ ၂၀၂၂
အ​​နောက်​မြောက်တိုင်း စစ်ဌာနချုပ် မုံရွာမှ စစ်​ကောင်စီ တပ်သားများသည် ပုလဲ-မင်းတိုင်ပင်-ကျော-ရေမျက်နီ -ခေါင်းတုံ လမ်းအတိုင်း လမ်း ဘေးရှိ​ကျေး ရွာများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးသွားခဲ့​ကြောင်း ယောဒေသကာကွယ်​ရေးတပ်ပေါင်းစု က သတင်းထုတ်ပြန်သည်။


ထို့​နောက် ဂန့်ဂေါ သို့တက်သွားသော စစ်​ကောင်စီ ယာဥ်တန်းသည် ၂၀၂၂၊ ဇွန်လ (၆) ရက်နေ့တွင် လာရာလမ်းအတိုင်း ဂန့်ဂေါမှ ကျောသို့ ပြန်လည်ထွက်ခွာသွားခဲ့​ကြောင်း သိရသည်။


ဂန့်ဂေါမှ ကျောသို့ ပြန်လည်ထွက်ခွာလာသော စစ်​ကောင်စီ ယာဥ်တန်းတွင် ကား (၅၄)စီးပါဝင်ကာ ရေမျက်နီ -ရေပုတ်-စင်းစယ်ကျေးရွာ များကိုဖြတ်သန်းထွက်ခွာသွားပြီး မကြာမီ နေ့လည် ၂ နာရီခန့်တွင် အဆိုပါယာဥ်တန်းမှ ကား(၂)စီးသည် နောက်ကြောင်း ပြန်လှည့်လာပြီး စင်းစယ် ကျေးရွာသို့ ဝင်ရောက်၍ လူနေအိမ်များမှစားနပ်ရိက္ခာ ပစ္စည်းများရှာဖွေယူဆောင်ခြင်း၊ လူနေအိမ်များ စပါးကျီများ လမ်းဘေးတောများမှ လူနေတဲများအား လက်နက် ကြီးဖြင့်ထုခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ပြီးထွက်ခွာသွားခဲ့ ​ကြောင်း သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။
စစ်​​ကောင်စီ ယာဥ်တန်း ပြန်လည် ထွက်ခွာသွားပြီးချိန်တွင် စင်းစယ်ကျေးရွာ ပြည်သူများနှင့်အတူ PEOPLE’S DEFENCE FORCE-HTILIN (YRPA) ရဲဘော်များမှ မီးရှို့ဖျက်ဆီးခံ လူနေအိမ်များအား မီးငြိမ်းကူခြင်း၊ ပစ္စည်းများပြောင်းရွေ့ကူခြင်း၊ မီးငြိမ်းနေသော ပြည်သူများ၏ လုံခြုံရေးအတွက် ​ရှေ့ကင်း နောက်ကင်း များယူ၍ အကာအကွယ်ပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာအတွက် အနီးအနားရွာများမှအကူအညီတောင်းခံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် အတွက်စီစဥ်ပေးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုတွင် စင်းစယ် ကျေးရွာမှ လူနေအိမ် (၁၂)အိမ် မီးလောင်ပျက်စီးခဲ့ပြီး စပါးတင်းရေ (၅၀၀) ကျော် သိုလှောင်ထားသော လူနေတဲ (၁)လုံး၊ ၂၀၂၂၊ ဇွန်လ (၆) ရက်နေ့ စင်းစယ်ကျေးရွာ၏ မီးရှို့ဖျက်ဆီးခံရမှုသည် ဒုတိယအကြိမ် ပျက်စီးဆုံးရှုံးမှု ဖြစ်ကြောင်းသိရသည်။


မိဘပြည်သူများ ဘေးကင်းလုံခြုံမှု အတွက် YRPA မှ တတ်နိူင်သမျှကြိုးစားကာကွယ်သွားပါမည်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကိုလည်း အသက်ရှင်နေသမျှကာလပတ်လုံး အစွမ်းကုန်တိုက်ခိုက် နှိမ်နင်းသွားမည်ဟု ကတိ​ပြုကြောင်း ယောဒေသကာကွယ်​ရေးတပ်ပေါင်းစု ၊ သတင်းပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ထားသည်။

themindatpost #YRPA ​#ယောဒေသ #စစ်ကောင်စီ #မီးရှို့

Photo – CJ
Photo – CJ
Photo – CJ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading