The Mindat Post

Democracy and Justice Must Prevail!

#Matupi | CDF မတူပီက ပညာရေးမှူး ဦးတင်လွေးကို ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်းအပေါ် North America Dai Community နှင့် International CDF Dai Supporting Committee တို့က ကန့်ကွက်

~~~~~

#Matupi | CDF မတူပီက ပညာရေးမှူး ဦးတင်လွေးကို ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်းအပေါ် North America Dai Community နှင့် International  CDF Dai Supporting Committee တို့က ကန့်ကွက် 

~~~~~

The Mindat Post

နိုဝင်ဘာ ၁၊ ၂၀၂၂

■ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ည (၈) နာရီချိန်မှာ CDF မတူပီ ဒလန်ရှင်းလင်းရေးအဖွဲ့က မတူပီမြို့နယ် ပညာရေးမှူး ဦးတင်လွေးကို ၎င်းရဲ့နေအိမ်မှာ ရုတ်တရက်ဝင်ရောက်ကာ ဖမ်းဆီး စစ်ဆေးခြင်းမရှိဘဲ သတ်ဖြတ်ခဲ့ခြင်းအပေါ် North America Dai Community နှင့် International  CDF Dai Supporting Committee တို့က ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ CDF မတူပီ ဒလန်ရှင်းလင်းရေးအဖွဲ့က ဆရာကြီး ဦးတင်လွေးကို ပြစ်မှုကျူးလွန်ခြင်းရှိကြောင်း အများပြည်သူ သိရှိရန် ပွင့်လင်းမြင်သာစွာ တရားဝင်သတိပေးထုတ်ပြန်ခြင်း မရှိခြင်း၊ CDF မတူပီ ဒလန်ရှင်းလင်းရေးအဖွဲ့က ဆရာကြီး ဦးတင်လွေးအား Non-CDM ဝန်ထမ်းနှင့် ဒလန်အဖြစ် စွပ်စွဲကာ အာဏာရှင်ဆန်စွာ သတ်ဖြတ်ခြင်း၊ CDF မတူပီ ဒလန်ရှင်းလင်းရေးအဖွဲ့က ပြည်သူ့ကာကွယ်ရေးစစ်သည်များ လိုက်နာရမည့် ကျင့်ဝတ် (Code Of Conduct) နှင့်အညီ လူသားဆန်စွာ ဖမ်းဆီး ခေါ်ဆောင်စစ်ဆေးခွင့်ရှိသော်လည်း ထို့ကဲ့သို့ပြုလုပ်ခြင်းမရှိဘဲ ဆရာကြီး ဦးတင်လွေးအား မိသားစုဝင်များ ရှေ့မှောက်တွင် သတ်ဖြတ်ခြင်း၊  Non-CDM ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေး ပညာရေးဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ကြေညာချက် အမှတ် (၁/၂၀၂၂) အပိုဒ် (၄) နှင့် ဆန့်ကျင်ခြင်း စသည့်အချက်များပါဝင်ပါတယ်။

အထက်ပါအချက်‌များကို အခြေခံပြီး North America Dai Community နှင့် International  CDF Dai Supporting Committee တို့က CDF မတူပီ ဒလန်ရှင်းလင်းရေးအဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်တာလို့ သိရပါတယ်။

■ အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာလည်း ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း (GMO) က မတူပီမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးတင်လွေး သေဆုံးမှုကိစ္စနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် အထူးမေတ္တာရပ်ခံချက် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။ 

■ CDF မတူပီအနေနဲ့ ပညာရေးမှူး ဦးတင်လွေးဟာ Non-CDM တစ်ဦးဖြစ်ပြီး မတူပီမြို့နယ်မှာ စစ်ကောင်စီရဲ့ ပညာရေးယန္တရား လည်ပတ်စေရန် အဓိကဦးဆောင်နေသူတစ်ဦးဖြစ်ကြောင်း၊  CDM ဝန်ထမ်းများကို အမျိုးမျိုးခြိမ်းခြောက်ခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း၊ စစ်ကောင်စီ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နဲ့ ပူးပေါင်းပြီး CDM ဝန်ထမ်းတွေရဲ့ လစာထုတ်ယူခြင်းတွေ ပြုလုပ်နေတာကြောင့် စာအားဖြင့် (၃) ကြိမ်၊ နှုတ်ဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

CDF မတူပီရဲ့ ထုတ်ပြန်ချက်မှာ ပညာရေးမှူး ဦးတင်လွေးဟာ သတိပေးခြင်းကို လိုက်နာခြင်းမရှိဘဲ CDF မတူပီကို ပြန်လည် ခြိမ်းခြောက်တာတွေ ပြုလုပ်တဲ့အတွက် ထုတ်ပြန်ကြေညာချက် စာအမှတ် (၂/၂၀၂၂) နဲ့  စာအမှတ် (၄/၂၀၂၂) တို့အရ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။

■          ထို့အတူ ကမ္ဘာလုံးဆိုင်ရာ အိုင်ဒါပ်ဒေသ အဖွဲ့အစည်း (International Ai-Daak Supporting Group) ကလည်း ဆရာကြီး ဦးတင်လွေး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး အထူးဝမ်းနည်းကြောင်း နဲ့ ယင်းကဲ့သို့သော လုပ်ရပ်သည် အာဏာရှင်ဆန်သည့် လုပ်ရပ်ဖြစ်ပြီး အာဏာရှင် စနစ်တော်လှန်ရာတွင် အဟန့်အတား ဖြစ်စေနိုင်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ် ။

ဓါတ်ပုံ – CJ

ပုံ/စာ – မတူပီမြို့နယ် ပညာ​ရေးမှူး ဦးတင်​လွေး (ကွယ်လွန်) ၊North America Dai Community နှင့် International  CDF Dai Supporting Committee တို့၏ ထုတ်ပြန်ချက်၊ ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း (GMO)၏ ထုတ်ပြန်ချက်နှင့် CDF မတူပီ၏ ထုတ်ပြန်ချက် ၊ ကမ္ဘာလုံးဆိုင်ရာ အိုင်ဒါပ်ဒေသ အဖွဲ့အစည်း (International Ai-Daak Supporting Group) ၏ ထုတ်ပြန်ချက် ။

#cdfmatupi #ဦးတင်လွေး #ပညာရေးမှူး #themindatpost  #မတူပီမြို့နယ် #matupichinstate

ပုံ/စာ – မတူပီမြို့နယ် ပညာ​ရေးမှူး ဦးတင်​လွေး (ကွယ်လွန်)

ပုံ/စာ

North America Dai Community နှင့် International CDF Dai Supporting Committee တို့၏ ထုတ်ပြန်ချက်

ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း (GMO)၏ ထုတ်ပြန်ချက်

CDF မတူပီ၏ ထုတ်ပြန်ချက်။

ကမ္ဘာလုံးဆိုင်ရာ အိုင်ဒါပ်ဒေသ အဖွဲ့အစည်း (International Ai-Daak Supporting Group) ၏ ထုတ်ပြန်ချက် ။

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading