~~~~~
The Mindat Post
နိုဝင်ဘာ ၅၊ ၂၀၂၂
စစ်ကောင်စီက အရပ်သားပစ်မှတ်ကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေတာကို ရပ်တန့်ဖို့ အတွက် လေကြောင်းလောင်စာဆီတင်ပို့တဲ့ လုပ်ငန်းတွေ ဆိုင်းငံ့ ပေးကြဖို့ မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ တင်ပို့ရောင်းချသူတွေကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က တောင်းဆို လိုက်ပါတယ်။
အရပ်ဘက် လေယာဉ်အသုံးပြုမှုအတွက် တင်ပို့လိုက်တဲ့ လေကြောင်းလောင်စာဆီ သင်္ဘောများဟာ စစ်ရာဇ၀တ်မှုတွေ ကျုးလွန်နေတဲ့ စစ်ကောင်စီ လေတပ်ဆီကို လမ်းကြောင်းပြောင်း ရောက်ရှိနေတာ ကြောင့် မြန်မာနိုင်ငံ ကို လေကြောင်း လောင်စာဆီ တင်ပို့နေတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ အနေနဲ့ ရပ်ဆိုင်း ရမယ်လို့ Amnesty International က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
“လူ့အခွင့်အရေးကို မထီမဲ့မြင်ပြုပြီး စစ်ရာဇ၀တ်မှုကျူးလွန်တယ်လို့ ထပ်ခါတလဲလဲ စွပ်စွဲခံထားရတဲ့ စစ်တပ်ကို လေကြောင်းလောင်စာဆီ ထောက်ပံ့နေတာတွေဟာ တရား မျှတမှုမရှိဘူးလို့ Amnesty ရဲ့ အထွေထွေအတွင်းရေးမှူး Agnès Callamard က ပြောပါတယ်။
အရပ်သားပြည်သူတွေပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ စစ်ကောင်စီက အဆိုပါ လေကြောင်း လောင်စာဆီတွေ အသုံးပြုနေတာကို တားဆီးဖို့အတွက် မြန်မာနိုင်ငံကို လေကြောင်း လောင်စာဆီ တင်ပို့ရောင်းချသူများအနေနဲ့ လောင်စာဆီတင်ပို့မှုတွေ ဆိုင်းငံ့ထားပေးကြဖို့ တောင်းဆိုထားတာပါ။
“ဒီလေကြောင်း ကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မိသားစုတွေ၊ အရပ်သားတွေကို သေဆုံးနေရတယ်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီး နေကြတယ်။ ဒါပေမယ့် လေယာဉ်တွေကို လောင်စာဆီ မဖြည့် နိုင်ဘူးဆိုရင်တော့ သူတို့ ပျံသန်းပြီး အန္တရာယ်မပေးနိုင်တော့ဘူး” လို့ Callamard က ဆိုပါတယ်။
“မြန်မာ့လေတပ်ကို အကျိုးပြုတဲ့ ထောက်ပံ့ရေးကွင်းဆက်ကနေ နုတ်ထွက်ဖို့ ပေးသွင်းသူတွေ၊ သင်္ဘောကိုယ်စားလှယ်တွေ၊ ရေယာဉ်ပိုင်ရှင်တွေနဲ့ ရေကြောင်းအာမခံ အရာရှိတွေကို တောင်းဆိုထားပါတယ်” လို ၎င်းက ဆက်ဆိုပါတယ်။
ဓါတ်ပုံ – (စစ်ကောင်စီ)
#MinAungHlaing#AirStrike#themindatpost#aviationfuel#AmnestyInternational#whatshappeningnowinmyanmar

ပုံ/စာ – တိုက်လေယာဉ်သစ်များ တပ်တော်ဝင်အခမ်းအနားတစ်ခုတွင် ရုရှားထုတ် YAK 130 အမျိုးအစားလေယာဉ်ကို အမွှေးနံ့သာရည် ပက်ဖျန်းနေသည့် မင်းအောင်လှိုင် ။




Leave a Reply