The Mindat Post

Democracy and Justice Must Prevail!

” CNF ဌာနချုပ် Camp Victoria ကို စစ်​ကောင်စီက ​လေ​ကြောင်း တိုက်ခိုက်ရန် စီစဉ်​နေသည့် လျှို့ဝှက်ဓါတ်ပုံများ ​ပေါက်ကြား ”

~~~~~

The Mindat Post

နိုဝင်ဘာ ၈ ၊ ၂၀၂၂

ချင်း အမျိုးသား တပ်ဦး/ချင်းအမျိုးသား တပ်မတော် CNF/CNA ဌာနချုပ် တည်ရှိရာ Camp Victoria ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေတဲ့ ပစ်မှတ် စာရင်းဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

အဲဒီဓါတ်ပုံတွေကို ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO) က ၎င်းတို့ရဲ့ Twitter စာမျက်နှာမှာ ပစ်မှတ်စာရင်း ဓါတ်ပုံတွေနဲ့ အတူ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဓါတ်ပုံတွေထဲမှာ Google Map/စစ်သုံးမြေပုံ/ကင်းထောက်လေယာဉ်တွေကနေ ရယူထားတဲ့ Camp Victoria တည်ရှိရာ မြေမျက်နှာပြင် အနေအထား အညွှန်းနံပါတ်တွေ ဖော်ပြထားပါတယ်။ အလားတူ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တဲ့အခါ ဦးစားပေးတိုက်ခိုက်ဖို့ ရည်ညွှန်းပုံရတဲ့ အင်္ဂလိပ်အက္ခရာအချို့နဲ့ နံပါတ်စဉ်တွေပါရှိတာ တွေ့ရပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက် နေ့ မှာ စစ်ကောင်စီက ဟားခါး၊ ထန်တလန် နယ်စပ် သီးမစ်ဒေသကို လေကြောင်းနဲ့ တိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၁ ရက် နေ့ နဲ့ ၂ ရက်နေ့တွေမှာလည်း စစ်ကောင်စီပိုင် ကင်းထောက် လေယာဉ်တွေဟာ ထန်တလန်မြို့နယ်နဲ့ ချင်းအမျိုးသား တပ်မတော် (CNA) ဌာနချုပ် Camp Victoria ပတ်ဝန်းကျင်တွေမှာ ကင်းထောက် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

#themindatpost#whatshappeningnowinmyanmar#chinstate#cnf_cna#CampVictoria#airstriketarget#လေကြောင်းပစ်မှတ်

May be an image of text that says 'ChinHumanRightsOrg Leaked secret intel shows junta S plan for air raid on CNF Hqrs with clearly marked targets of coordinates of Camp Victoria amid fresh multiple airstrikes on frontline resistance positions outside the besieged Chin State capital yesterday, as helicopters & aircraft patrol the sky ca ၁၃(C/၁၄(A) လျှို့ဝှက် ဌာနချုပ် ပစ်မှတ်စ BOO: ပတ်ဝန်းကျ'

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading