The Mindat Post
ဒီဇင်ဘာ ၁၁ ၊ ၂၀၂၂
ချင်းအမျိုးသားအဖွဲ့ချုပ်က ဒေသအမည်ပြောင်းလဲခြင်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်မဟာအသစ်ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဗဟိုကောင်စီ၏ (၂၉-၁၀-၂၀၂၂) ရက်နေ့ ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ “ချင်းအမျိုးသားအဖွဲ့ချုပ် (ကလေးဒေသကော်မတီ)” အား “ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသကော်မတီ)” ဟု အမည်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အလားတူပဲ ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) စိုးမိုးရာနယ်မြေမှာ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) ဟု အမည်ကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါ ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) နဲ့ CNDF တပ်မဟာ (၄) တို့ဟာ CNO/CNDF စစ်သေနာပတိချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာတည်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
CNO ကာကွယ်ရေးဝန်ကြီးနှင့် CNDF စစ်ဦးစီးချုပ်တို့ရဲ့ ကိုယ်စားလုပ်ပိုင်ခွင့်အာဏာကို ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်း ဒေသကော်မတီ)ထံ လွှဲအပ်ပြီး ၎င်းတို့စိုးမိုးရာနယ်မြေဒေသ၏ အရပ်ဖက်၊ စစ်ဖက်အုပ်ချုပ်ရေးကိစ္စရပ်များကိုလည်း တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
#ChinNationalOrganization_ChinNationalDefenseForce#falam#kalaykabaw

ဓါတ်ပုံ – Chin National Organization
ဓါတ်ပုံ အညွှန်း – ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဗဟိုကော်မတီဝင်အချို့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက တွေ့မြင်ရစဉ်





Leave a Reply