~~~~~
The Mindat Post
ဒီဇင်ဘာ ၁၇၊ ၂၀၂၂၊ ပလက်ဝ
ပလက်ဝ-မတူပီ နယ်စပ်တနေရာက စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို CDF ပလက်ဝက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF ပလက်ဝက ဒီဇင်ဘာ ၁၇ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၇) နာရီအချိန်မှာ ပလက်ဝ-မတူပီ နယ်စပ်က စစ်ကောင်စီစခန်းချထားတဲ့ ဘွေလီဂိတ်စခန်းကို CDF ပလက်ဝက စတင်ဝင်ရောက် ပစ်ခတ်ခဲ့ရာကနေ (၁၅) မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက် (၂) ဦးသေဆုံး၊ (၅)ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိပြီး CDF ပလက်ဝရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်လို့ ဘွေလီဂိတ်စခန်း အနီးမှာရှိတဲ့ ဘွေလီကျေးရွာနဲ့ တွီဆော့ကုန်းကျေးရွာနေ ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ CDF ပက်လက်ဝက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ CDF ပလက်ဝတပ်ဖွဲ့ဝင် တစ်ဦး ရှေ့တန်းတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့သိရပြီး တစ်ဆက်တည်းမှာပဲ CDF ပလက်ဝအနေနဲ့ Project Kimo လို့ခေါ်တဲ့ ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ခု ပြုလုပ်နေပြီး သတ်မှတ်ကာလအတွင်း အလှူငွေ (၂၇) ရာခိုင်နှုန်းသာ ရရှိသေးတာကြောင့် Campaign ကာလကို နောက်ထပ် တစ်လ ဆက်လက်တိုးမြှင့် လိုက်ရတယ်လို့ သိရပါတယ်။
#themindatpost#whatshappeninginmindat#စစ်ကောင်စီဂိတ်စခန်းတစ်ခိုကိုCDFပလက်ဝက ဝင်ရောက်တိုက်ခိုက် #ChinlandDefenseForce_Paletwa#chinstate#CDF_Paletwa#တိုက်ပွဲသတင်း

ဓါတ်ပုံ – Chinland Defense Force – Paletwa
ဓါတ်ပုံအညွှန်း – Chinland Defense Force – Paletwa တပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။




Leave a Reply