~~~~
The Mindat Post
၇၊ မတ်လ ၂၀၂၃
မကွေးတိုင်း၊ ဆောမြို့နယ်ထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲကို စစ်ကူသွားတဲ့ ကာကွယ်ရေး ရဲဘော်တစ်ဦး ကျတယ်လို့ The Youth Force (Saw & Kyaukhtu) က ဒီကနေ့ (မတ်လ ၇ ရက်) သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၆ ရက်နေ့ စစ်ကူသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ချောင်းမြောင်းပစ်ခတ်ခံရတဲ့ချိန် ရဲဘော်၊ ရဲဘက်တွေအတွက် ကာပစ်ပေးရင်း ရဲဘော် ဇင်ဖြိုးလွင် မြင့်မြတ်စွာကျဆုံးတာလို့ The Youth Force (Saw & Kyaukhtu) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၆ ရက်နေ့ ကျဆုံးတဲ့ ရဲဘော် ဇင်ဖြိုးလွင်ဟာ အသက် ၂၀ ဝန်းကျင်သာရှိပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဂန့်ဂေါခရိုင် အမှတ် (၁၃) The Youth Force (Saw & Kyaukhtu) ရဲ့ ပထမဆုံး အသက်ပေးကျဆုံးသူ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူတဲ့ ရဲဘော် ဇင်ဖြိုးလွင်ကို အလေးနီပြုရင်း တပ်ဖွဲ့ဝင်တွေအနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အောင်မြင်ပြီးဆုံးတဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ The Youth Force (Saw & Kyaukhtu) က ဂတိပြုထားပါတယ်။
The Youth Force (Saw & Kyaukhtu) ဟာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းဖြစ်ပြီး CDF မင်းတပ်၊ CDF ကန်ပက်လက်အပါအဝင် စစ်ကောင်စီတော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။
ဓာတ်ပုံ အညွှန်း – မတ်လ ၆ ရက်နေ့တွင် ကျဆုံးသော The Youth Force (Saw & Kyaukhtu) ရဲဘော် ဇင်ဖြိုးလွင်။ (Photo: Phyo Lwin)





Leave a Reply